အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အထူးအယူခံကို တရားရုံးချုပ်ကြားနာမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ရပ်တည်ခွင့် ဆိုင်ရာ အထူးအယူခံကို တရားရုံးချုပ်ကနေ ကြားနာစစ်ဆေးဖို့ လက်ခံလိုက်တယ်လို့သတင်း ရရှိပါတယ်။

2011.01.18
assk_nyan_win_court_305_z.png အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တရားဝင် ရပ်တည်ခွင့်အတွက် တရားရုံးသို့ တင်ပြ လျှောက်ထားသည့် အမှုနှင့် ပတ်သက်၍ ပါတီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေ ဦးဉာဏ်ဝင်းတို့ နိုဝင်ဘာ ၁၆ ရက်က ရန်ကုန်မြို့၊ ဗဟိုတရားရုံးချုပ်သို့ ရောက်ရှိလာပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)
ပြီးခဲ့တဲ့ ၁၃ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် တစ်ဦးလည်းဖြစ် ရှေ့နေ တစ်ဦးလည်း ဖြစ်တဲ့ ဦးဉာဏ်ဝင်းနဲ့ အဖွဲ့ဟာ နေပြည်တော် ဗဟို တရားရုံးချုပ်မှာ သွားရောက် အယူခံ တင်ခဲ့တာ ဖြစ်ပါတယ်။

ဒီအမှုကို ၂၄ ရက်နေ့မှာ နေပြည်တော်မှာ ကြားနာ စစ်ဆေးမယ့် အကြောင်း အကြောင်းကြားစာကို မနေ့က လက်ခံ ရရှိခဲ့တယ်လို့ ဦးဉာဏ်ဝင်းက ပြောပြပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တရားဝင် ရပ်တည်ခွင့် ရှိကြောင်း အယူခံ လျှောက်လဲခွင့်ကို တရားရုံး အဆင့်ဆင့် တင်သွင်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပြီး၊ အခု နောက်ဆုံး အထူး အယူခံ တင်သွင်းရာမှာ လက်ခံ ကြားနာ စစ်ဆေးဖို့ တရားရုံးချုပ်ကနေ လက်ခံလိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို တရားဝင် ပါတီ မဟုတ်တော့ကြောင်း စစ်အစိုးရက ကြေငြာခဲ့ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ ရွေးကောက်ပွဲ အပေါ် အယုံအကြည် မရှိတဲ့ အတွက် ဝင်ရောက် ယှဉ်ပြိုင်ခြင်း မပြုပေမယ့်၊ တည်ဆဲ ဥပဒေတွေအရပင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုုပ်ဟာ တရားဝင် ဆက်လက် ရပ်တည်ခွင့် ရှိကြောင်း ခုခံချေပနေတာ ဖြစ်ပါတယ်။

အထူးအယူခံ တင်သွင်းတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဦးဉာဏ်ဝင်းကို ဦးဇော်မိုးကျော်က ဆက်သွယ် မေးမြန်း ထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။