အမေရိကန်ရောက် မြန်မာများက နိုင်ငံရေးအကျဉ်းသား ၂၀၀ ကို လစဉ်ကူညီမည်

မြန်မာနိုင်ငံမှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀ အတွက် အမေရိကန်ပြည်ထောင်စု လော့စ်အင်ဂျလိစ်မြို့ အခြေစိုက် မြန်မာရေးရာအဖွဲ့က လစဉ် ထောက်ပံ့ ကူညီပေးဖို့ တာဝန်ယူလိုက်ပြီလို့ သိရပါတယ်။

2011.03.01
assk_prisoners_families_305_z.png ရန်ကုန်မြို့၊ ရွှွေတောင်ကုန်း ကျောင်းတိုက်တွင် နိုဝင်ဘာ ၂၉ ရက်က နိုင်ငံရေး အကျဉ်းသားများ၏ မိသားစု ဆွေမျိုးသားချင်းများကို ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (အလယ်) တွေ့ဆုံနှုတ်ဆက်ပြီး အားပေးစကား ပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)
သူတို့ရရှိထားတဲ့ အလှူငွေတွေကို မြန်မာအကျဉ်းသားတွေဆီ မကြာခင် ပို့ပြီး ကူညီမယ်လို့ တာဝန်ယူသူတဦး ဖြစ်တဲ့ ဦးခင်မော်က ပြောပါတယ်။

“ဒီ နိုင်ငံရေး အကျဉ်းသားတွေပေါ့၊ ကျွန်တော် ကိုယ်တိုင်လည်းပေါ့နော်၊  ထောင်ကျခဲ့တယ်။ ဆိုတော့ ဒီ ထောင်ထဲမှာ ကျွန်တော်တို့ ဘယ်လို နေခဲ့ရတယ်၊ သူတို့ကို ကျွန်တော်တို့က ဘယ်တော့မှ မမေ့ဘူး၊ မင်းတို့လုပ်တာ ငါတို့ ဂုဏ်ယူတယ်၊ မင်းတို့နဲ့ အတူတူ ငါတို့ အမြဲရှိတယ် ဆိုတဲ့ ဥစ္စာကို ကျွန်တော်တို့က သက်သေပြချင်တာ အဓိကပဲပေါ့။”

နိုင်ငံရေး အကျဉ်းသားတွေကို ကူညီဖို့ မကြာသေးခင်က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင် စည်းရုံးခဲ့ပြီးနောက် ဆန်ဖရန်စ္စစကိုနဲ့ စင်ကာပူနိုင်ငံမှာ ရှိတဲ့ မြန်မာအဖွဲ့အစည်းတွေကလည်း ကူညီမဲ့ အစီအစဉ်တွေ စတင်နေပြီလို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေး ခံယူချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသား ၂၂၀၀ လောက် ရှိပြီး အဲဒီထဲမှာ အမျိုးသမီး အကျဉ်းသား ၂၀၀ လောက် ပါဝင်ပါတယိ။

နိုင်ငံရေးအကျဉ်းသားတွေကို ကူညီဖို့ စီစဉ်နေတာနဲ့ ပတ်သက်ပြီး ဦးခင်မော်ကို RFA က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။