ကျွန်းလှမှာ နေအိမ် ၃၀ မီးရှို့ခံရပြီး အရပ်သား ၃၀၀၀ ကျော် ထွက်ပြေး

RFA Burmese
2023.05.31
ကျွန်းလှမှာ နေအိမ် ၃၀ မီးရှို့ခံရပြီး အရပ်သား ၃၀၀၀ ကျော် ထွက်ပြေး စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ဇီးကုန်းတိုက်နယ်၊ ဆူးတပ်ရွာအတွင်းက မီးရှို့ခံထားရသည့် နေအိမ်များကို ၂၀၂၃ ခုနှစ်၊ မေလ ၁၉ ရက်က တွေ့ရစဉ်။
ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့

စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်၊ ကုက္ကိုလ်ကုန်းအုပ်စုနဲ့ လွှတ်တိုက်အုပ်စုက နေအိမ် ၃၀ မီးရှို့ဖျက်ဆီးခံရပြီး ကျေးရွာခုနစ်ရွာက အရပ်သား ၃၀၀၀ ကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီနဲ့ ပျူစောထီးပူးပေါင်းတပ်တွေက မေလ ၂၉ ရက်နဲ့ ၃၀ ရက်နေ့တွေမှာ ကျေးရွာတွေထဲကို ဝင်ရောက်မီးရှို့တာလို့ ဒေသခံတွေနဲ့ ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့ တာဝန်ခံက RFA ကိုပြောပါတယ်။

ကုက္ကိုကုန်းအုပ်စုထဲက ကုက္ကိုကုန်း၊ တကုန်း၊ သံပုရာပင်စု၊ မြဘုံသာရွာ စတဲ့ ရွာလေးရွာနဲ့ လွှတ်တိုက်အုပ်စုက လွှတ်တိုက်၊ ဆွဲလှဲနဲ့ မဒေါင်ရွာတွေက ဒေသခံတွေ ထွက်ပြေး နေရတာပါ။

စစ်ကောင်စီတပ်တွေ ပြန်ထွက်သွားတဲ့ရွာတွေက ဒေသခံတချို့ကတော့ နေရပ်ကို ပြန်နေကြတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"သူတို့က (စစ်ကောင်စီ) နယ်မြေရှင်းတဲ့ ပုံစံထွက်လာတာဗျ။ ရေပြင်ကမ်းနား တစ်လျှောက်ကို စစ်ကြောင်းထိုးတယ်။ ရှိတဲ့ တဲ၊ တိုက်တွေ မီးရှို့တယ်။ ရတဲ့ပစ္စည်းတွေ ကားနဲ့ သယ်သွားတယ်။ အဲလိုမျိုးလုပ်သွားတယ်။ အခုက တချို့ရွာထဲတွေ ပြန်ဝင်ပြီ။ ရှောင်တဲ့သူက ရှောင်နေတုန်းပါ"

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ပြန်လည် ဖြေကြားတာမရှိပါဘူး။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး(UNOCHA) ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် အရပ်သားတွေရဲ့ အဆောက်အအုံ ၆၀,၀၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံ ၁ ဒသမ ၅ သန်း အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။