ကယ်လီဖိုးနီးယားရောက် မြန်မာတွေကို ပြည်နယ်လွှတ်တော်အမတ်တွေ တွေ့ဆုံ

မြန်မာနိုင်ငံနေ့ (Burma Day Event) အဖြစ် အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် မြို့တော် Sacramento မှာရှိတဲ့ ပြည်နယ်အဆောက်အအုံမှာ မြန်မာအမေရိကန် လူငယ်တွေနဲ့ ကယ်လီဖိုးနီးယား လွှတ်တော်အမတ်တွေ ဇွန် ၁၂ ရက်က တွေ့ဆုံကြပါတယ်။

မြန်မာနိုင်ငံက ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို အမေရိကန်တွေကို အသိပေးဖို့ ရည်ရွယ်ချက်နဲ့ တွေ့ဆုံတာလို့ တွေ့ဆုံပွဲ စီစဉ်သူတွေက ပြောပါတယ်။

တွေ့ဆုံပွဲမှာ ကယ်လီဖိုးနီးယားပြည်နယ် လွှတ်တော်အမတ် Dave Cortese နဲ့ Ben Allen တို့ တက်ရောက် အမှာစကားပြောကြားပါတယ်။

ပြည်နယ်လွှတ်တော်အမတ် Ben Allen ဟာ NUG အမျိုးသားညီညွတ်ရေး အစိုးရ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးနဲ့ တွေ့ဆုံဆွေးနွေးခဲ့သူလည်း ဖြစ်ပါတယ်။

တွေ့ဆုံပွဲကို Sacramento မြို့၊ ဆန်ဖရန်စ္စကို ပင်လယ်အော်ဒေသတဝိုက်နဲ့ ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်း လော့အိန်ဂျလိစ်မြို့က မြန်မာ-အမေရိကန်လူငယ်တွေနဲ့ မိသားစုတွေ တက်ရောက်ခဲ့ကြပါတယ်။