ဖမ်းဆီးခံရတဲ့ တနင်္သာရီတိုင်းဝန်ကြီးသုံးဦး အဆက်အသွယ်မရသေး

2021-02-11
Share
ဖမ်းဆီးခံရတဲ့ တနင်္သာရီတိုင်းဝန်ကြီးသုံးဦး  အဆက်အသွယ်မရသေး တနင်္သာရီတိုင်း လူမှုရေးနဲ့ စည်ပင်ဝန်ကြီး ဦးဟိုပင်၊ လူဝင်မှုကြီးကြပ်ရေးနဲ့ အလုပ်သမားဝန်ကြီး ဦးကျော်မင်း၊ စီမံဘဏ္ဍာဝန်ကြီး ဒေါ်ရီရီချို တို့ကို တွေ့ရစဉ် (ဝဲ မှ ယာ
.

တနင်္သာရီတိုင်း လူမှုရေးနဲ့ စည်ပင်ဝန်ကြီး ဦးဟိုပင်၊ လူဝင်မှုကြီးကြပ်ရေးနဲ့ အလုပ်သမားဝန်ကြီး ဦးကျော်မင်း နဲ့ စီမံဘဏ္ဍာဝန်ကြီး ဒေါ်ရီရီချိုတို့ဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီးခံထားရတာ ၁၁ ရက် ကြာတဲ့အထိ ဘာသတင်းမှ မရသေးဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။

ဒီနေ့ဆိုရင် ဝန်ကြီးအိမ်ရာထဲကနေ မိသားစုဝင်တွေ အပြီးထွက်ခွာပေးရမယ်လို့ ရဲအုပ်တစ်ယောက်က နှုတ်မိန့်နဲ့ ပြောထားတယ်လို့ ဝန်ကြီး ဦးဟိုပင်ရဲ့ ဇနီး ဒေါ်မာမာလွင်က ပြောပါတယ်။ ဦးဟိုပင်ဟာ ဖေဖော်ဝါရီ ၁ ရက် မနက် ၅ နာရီကတည်းက လ.ဝ.က ဝန်ကြီး ဦးကျော်မင်းနဲ့အတူ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်ကို မနေ့ညက နေအိမ်အကျယ်ချုပ်ကနေ ထပ်မံဖမ်းဆီးသွားပါတယ်။ မနေ့ညက တနင်္သာရီတိုင်းဝန်ကြီးချုပ်အပြင် ရှမ်းနဲ့ မွန်က ဝန်ကြီးချုပ်တွေလည်း ထပ်မံ ဖမ်းဆီးခံထားရ ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့