စစ်သုံ့ပန်း ၁၇ ဦး ဖမ်းဆီးရမိကြောင်း CDF-Asho ထုတ်ပြန်

RFA Burmese
2025.01.27
စစ်သုံ့ပန်း ၁၇ ဦး ဖမ်းဆီးရမိကြောင်း CDF-Asho ထုတ်ပြန် စစ်ကောင်စီတပ်သားများထံမှ သိမ်းဆည်းရမိသည့် လက်နက်ပစ္စည်းများအား ၂ဝ၂၅ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့က ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့-အရှို (CDF-Asho)က ထုတ်ပြန်ထားစဉ်။
Photo: Chin Defence Force - Asho

ရခိုင်ပြည်နယ် အမ်းမြို့နယ်ဘက်ကနေ ဆုတ်ခွာလာတဲ့ စစ်ကောင်စီတပ်ကို အမ်း-ပဒါန်းလမ်းမှာ ပိတ်ဆို့တိုက်ခိုက်နေပြီး စစ်သုံ့ပန်း ၁၇ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်- အရှို (CDF-Asho) က ဇန်နဝါရီ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၁၇ ရက်နေ့ကနေ ၂၅ ရက်နေ့အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးနဲ့အတူ သေနတ် ရှစ်လက်၊ ခဲယမ်းတွေနဲ့အတူ စစ်အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ CDF-Asho ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်နေ့နဲ့ ၁၄ ရက်နေ့မှာလည်း စစ်ကောင်စီနဲ့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့-အရှို (CDF-Asho) တို့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၁၂ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

အလားတူ ဇန်နဝါရီ ၅ ရက်နေ့ကလည်း အမ်းမြို့နယ် တိုက်ပွဲကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးနဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း CDF - Asho က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။