ကျပ်ငွေ ၅ ထောင်တန် SIM ကဒ် MDC က တောင်းဆို

လက်ကိုင်တယ်လီဖုန်း SIM ကဒ်တစ်ခုကို ကျပ်ငွေ ၅ ထောင်နှုန်းနဲ့သာ ပြည်သူတွေ သုံးစွဲခွင့်ရမယ်ဆိုရင် ကုန်ဈေးနှုန်း ကျဆင်းရေးနဲ့ ဆင်းရဲမွဲတေမှု လျော့ကျရေးကို အထောက်အကူ ပြုနိုင်မှာဖြစ်လို့ ဒီကိစ္စကို ခွင့်ပြုပေးဖို့ ရန်ကုန်မြို့အခြေစိုက် MDC ခေါ် ကုန်ဈေးနှုန်း ကျဆင်းရေးအဖွဲ့က မနေ့က တောင်းဆိုလိုက်ပါတယ်။
2012-02-22
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ဒီတောင်းဆိုမှုနဲ့ ပတ်သက်လို့ ကုန်ဈေးနှုန်း ကျဆင်းရေးအဖွဲ့ ခေါင်းဆောင် ကိုထင်ကျော်က အာအက်ဖ်အေကို အခုလိုပြောပါတယ်။

“ငါးထောင်ကျပ်တန် SIM ကဒ်က ပြည်သူလူထု ဆင်းရဲ မွဲတေမှု ပပျောက်ရေးမှာ အထိုက်အလျောက် အထောက်အပံ့ ဖြစ်နိုင်တဲ့အတွက် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ကို ကျွန်တော်တို့က မေတ္တာရပ်ခံချင်တာက ချက်ချင်း လုပ်နိုင်တဲ့ကိစ္စတွေကို ချက်ချင်းလုပ်ပေးပါ၊ ပြည်သူလူထု ဆင်းရဲမွဲတေမှုကို လက်ပိုက် ကြည့်မနေကြပါနဲ့။ ဘယ်လို အစိုးရမျိုး တက်တက်ပေါ့ဗျာ၊ ကျွန်တော်တို့က ပြည်သူလူထု ဆင်းရဲမွဲတေမှု ပပျောက်ဖို့ အစဉ်တစိုက် တောင်းဆိုသွားမှာဖြစ်ပါတယ်”

လူတစ်ယောက် မှတ်ပုံတင်ပြရင် SIM ကဒ် တစ်ခု ၅၀၀၀ နှုန်းနဲ့ မကြာခင်ကာလမှာ ရောင်းချပေးနိုင်ဖို့ ကြိုးပမ်း ဆောင်ရွက်မယ်လို့ ရွှေပြည်တံခွန် ကုမ္ပဏီက ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်မှာ ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနကလည်း မြန်မာနိုင်ငံမှာ ဆက်သွယ်မှု ကွန်ရက်ကို စနစ်တကျ တည်ဆောက်ဖို့ အချိန်တော်တော်ကြာကြာ လိုအပ်နေသေးသလို တည်ဆဲဥပဒေတွေနဲ့လည်း မကိုက်ညီတဲ့အတွက် ကျပ် ၅၀၀၀ တန် ဖုန်းကိစ္စက လောလောဆယ်မှာ မဖြစ်နိုင်သေးဘူးလို့ တုံ့ပြန် ကြေညာခဲ့ပါတယ်။

ကွန်မင့်များ (3)
Share

အမည်မဖော်လိုသူ

တည်ဆဲဥပဒေတွေနဲ့မညီဘူးဆိုတော့ မင်းတို့ထုပ်ပြန်ထားတဲ့အခြေခံ ဥပဒေဆိုတာကြီးက ပြည်သူကိုအောက်တန်းကျစေတဲ့ဥပဒေကြီးဖြစ်နေပြီလေ ပြည်သူကိုဆင်းရဲစေတဲ့ဥပဒေကြီးဖြစ်နေပြီလေ ပြည်သူကိုအဆင့်တန်းမမှီစေတဲ့ဥပဒေကြီးဖြစ်နေပြီလေ ကြည့်လဲလုပ်ကြပါအုံး အဏာရှင်တို့ရယ် မလေးရှားမှာ SIM ကဒ်တစ်ခုကို ၈ ရင်းဂစ်ပဲရှိတယ် မြန်မာငွေနဲ့တွက်ရင် ၃၀၀၀ တောင်မပြည့်သေးဘူးဗျို့.....

Feb 24, 2012 01:50 AM

အမည်မဖော်လိုသူ

ကောင်းတယ်

Feb 23, 2012 10:56 AM

အမည်မဖော်လိုသူ

Why should we wait for the time is coming, what we can do for the best we can do it, why they ( other nation ) can do it, why can't we do it? they are developed now because of why they can do it, why are WE? Pls think about it our clean goverment, the people are ( our people ) so poor and late then other nation ( our neightbour country ), it's no-one can deny that. we do hope you ( Clean goverment ) can do the best for the our poor people, We believe you can do it! They can do it why can't we? In Malaysia 1 sim card is RM10 ( 2500 kyats ) why can you sell 5000 kyats a sim card in Myanmar. It's double, it's also can't you sell for the our poor people? It's we need to be corporate and ask from the Clean Government. Have a nice day Myanmar. God bless you.

Feb 22, 2012 11:44 PM

ဆိုက်တခုလုံးသို့