စစ်ပြေးဒုက္ခသည်စခန်းတွေမှာ သန်းခေါင်စာရင်း မကောက်ယူ


2014.03.31
padaung-waving-305.jpg ကယန်း(ပဒေါင်)လူမျိုးတစ်ဦး ရက်ယန်းရက်လုပ်စဉ်
photo: Nay Thwae/RFA

ကယားပြည်နယ်အစိုးရက ထိုင်း-မြန်မာနယ်စပ် ကရင်နီစစ်ပြေး ဒုက္ခသည်စခန်းတွေမှာ သန်းခေါင် စာရင်း ကောက်ခံနိုင်ဖို့အတွက် ကမ်းလှမ်းခဲ့တာ မရှိတဲ့အတွက် အဲဒီ စစ်ပြေးဒုက္ခသည်စခန်းတွေမှာ သန်းခေါင်စာရင်း မကောက်ယူနိုင်ဘူးလို့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ ဒုတိယဥက္ကဌ က ပြောပါတယ်။

သန်းခေါင်စာရင်းကောက်ယူမှုနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ ကမ်းလှမ်းခဲ့တာမရှိတဲ့အတွက် ဒုက္ခသည်စခန်းတွေမှာ စာရင်းကောက်ခံဖို့မဖြစ်နိုင်သေး ဘူးလို့ KNPP ဒုတိယဥက္ကဌ ခူးဦးရယ်က ပြောပါတယ်။

"ကျနော်တို့ကို အရင်က တရားဝင်ဆွေးနွေးပွဲတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ အကျေအလည် ဆွေးနွေး တင်ပြတာမျိုးတွေတော့ မရှိဘူး၊ သို့သော် ကျနော်တို့ က ဒီလိုလုပ်ငန်းကိစ္စတွေ ဆောင်ရွက်စရာရှိတယ်၊ ပူးပေါင်းဆောင်ရွက်မှု လိုအပ်တယ်ဆိုတာကတော့ အာဏာပိုင်တွေဘက်ကတော့ ပြောတာတွေရှိပါတယ်၊ ဒါပေမဲ့ ကနေ့အထိ ကျနော်တို့ကို တရားဝင် ကမ်းလှမ်းပြီး လုပ်ဆောင်ဖို့အတွက် ဆောင်ရွက်တာမျိုးတွေ ချဉ်းကပ်မှုမျိုးတွေတော့ မရှိဘူး"

ထိုင်း-မြန်မာနယ်စပ်မှာ ကရင်နီစစ်ပြေးဒုက္ခသည်စခန်း ၅ ခုလောက်ရှိပြီး ဒုက္ခသည်အရေအတွက် သုံးသောင်းဝန်းကျင်လောက်ရှိတယ်လို့ သိရပါတယ်။

ကယားပြည်နယ်အတွင်း သွားလာရေးခက်ခဲ့တဲ့နေရာတွေမှာ ပြီးခဲ့တဲ့ နှစ်ရက်လောက်က သန်းခေါင်စာရင်း ကြိုတင်ကောက်ခံခဲ့ပြီး ဒီကနေ့မှာတော့ လွိုင်ကော်၊ ဒီမောဆိုးနဲ့ ဖရူဆိုမြို့တွေမှာ စတင်ကောက်ယူနေပြီလို့သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။