မြန်မာစစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ရေး မျှမျှတတဆောင်ရွက်ဖို့ တရုတ်ပြော

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေက လျှောက်ထားခဲ့တာနဲ့ပတ်သက်ပြီး ICC အနေနဲ့ မှန်မှန်ကန်ကန်နဲ့ မျှမျှတတဆောင်ရွက်ဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက နိုဝင်ဘာလ ၂၈ ရက်နေ့က ပြောကြားလိုက်ပါတယ်။

ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC)ရဲ့ ရှေ့နေချုပ် ကာရင် အာဆက် အာမက် ခန် (Karim AA Khan) က ICC တရားရုံးကို နိုဝင်ဘာ ၂၇ ရက် က လျှောက်ထားတာနဲ့ပတ်သက်ပြီး အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။

ICC တရားလိုရှေ့နေကတော့ အဆိုပြုလျှောက်ထားတဲ့ ဖမ်းဝရမ်းကို ICC က ထုတ်ပြန်ဖို့ကိစ္စမှာ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးနိုင်ရေး ကြိုးပမ်းအားထုတ်ရာမှာ အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။