ဝါရင့် ဟာသသရုပ်ဆောင် မေတ္တာ ကွယ်လွန်

2021.08.02
Share on WhatsApp
Share on WhatsApp
ဝါရင့် ဟာသသရုပ်ဆောင် မေတ္တာ ကွယ်လွန် ဝါရင့် ဟာသသရုပ်ဆောင် မေတ္တာကို တွေ့ရစဉ်
Photo: မေတ္တာ ဖေ့ဘွတ်ခ်

ဟာသသရုပ်ဆောင် မေတ္တာ (ခ) ဦးခင်မောင်မြင့် ဟာ ဒီနေ့ ဩဂုတ်လ ၂ ရက်နေ့ နေ့လယ်ပိုင်းမှာ ကွယ်လွန် သွားပြီလို့ သူ့ရဲ့သားဖြစ်သူက လူမှုကွန်ရက်ကတဆင့် အသိပေးရေးသားပါတယ်။ ဘာရောဂါနဲ့ ကွယ်လွန် တာလဲဆိုတာတော့ မဖေါ်ပြပါဘူး။ လူရွှင်တော် မေတ္တာဟာ ကွယ်လွန်ချိန်မှာ အသက် (၆၇) နှစ်ရှိပါပြီ။

ရန်ကုန်မြို့နေအိမ်မှာပဲ ဒီနေ့မွန်းတည့်ချိန်မှာ ကွယ်လွန်ခဲ့တာလို့ ဆိုပါတယ်။ ရန်ကုန်ဇာတိဖြစ်တဲ့ မေတ္တာ (ခေါ်) ဦးခင်မောင်မြင့် ဟာ အငြိမ့်တွေမှာ လူရွှင်တော်အဖြစ် လုပ်ကိုင်ပြီးနောက် ဟာသသရုပ်ဆောင်အဖြစ် ရုပ်ရှင်နဲ့ ဗွီဒီယိုတွေမှာ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

လူရွှင်တော် မေတ္တာဟာ RFA မြန်မာပိုင်းမှာလည်း အပတ်စဉ် ထုတ်လွှင့်တဲ့ "အကျိုးမျှော် နှိုးဆော်ပါရစေ" ကဏ္ဍရဲ့ ပင်တိုင်အသံလွှင့်သရုပ်ဆောင်ခဲ့သူ တစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။