ဒဂုံမြို့သစ် (ဆိပ်ကမ်း) ရဲစခန်း ဗုံးနှစ်လုံးဆင့် ဖောက်ခွဲခံရ

2021.12.22
ဒဂုံမြို့သစ် (ဆိပ်ကမ်း) ရဲစခန်း ဗုံးနှစ်လုံးဆင့် ဖောက်ခွဲခံရ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် ရဲစခန်းကို တွေ့ရစဉ်
Photo: CJ

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် ရဲစခန်းမှာ ဒီဇင်ဘာ ၂၂ ရက် ဒီနေ့ မနက် ငါးနာရီခွဲကျော်မှာ ဗုံးနှစ်လုံးဆင့် ပေါက်ကွဲခဲ့ပါတယ်။

ပေါက်ကွဲအပြီးမှာ ရဲစခန်းထဲ အရေးပေါ် လူနာတင်ကားတွေ ဝင်သွားပြီး လမ်းမတချို့ကို ပိတ်ထားခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ဒီနေ့မနက် ၅ နာရီကျော်မှာ ပေါက်တာ နှစ်လုံးဆင့်ပဲ၊ အထဲက စကစ တွေ သေတယ်ထင်တယ် လူနာတင်ကားတွေလည်း ဝင်သွားတယ်၊ ရပ်ကွက်ထဲက ဈေးဆိုင်တွေလည်း ဖွင့်ရမလို ပိတ်ရမလိုနဲ့ ပိတ်ထားရတယ်၊ မဟုတ်ရင် ရပ်ကွက်ထဲ လာရမ်းကြတော့မှာလေ "

အဲဒီပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသွားတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်သား အရေအတွက်ကို RFA က အတည်ပြုနေပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မတွေ့ရသေးသလို ဘယ်အဖွဲ့ရဲ့ လက်ချက်ဆိုတာလည်း မသိရသေးပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာနဲ့ အောက်တိုဘာလတွေတုန်းကလည်း ဒေါပုံနဲ့ လမ်းမတော် ရဲစခန်းတွေမှာလည်း ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။