အဲဒီ ဟောပြောပွဲမှာ ပညာရေး ကျန်းမာရေးကဏ္ဍတွေမှာ တိုးတက်လာဖို့ ကြိုးပမ်းရမယ်လို့ ပြောခဲ့သလို တစ်ချိန်တည်းမှာ မြန်မာနိုင်ငံဟာ သယံဇာတတွေ ပေါကြွယ်ဝနေပေမယ့် ပြည်သူတွေ အကျိုးရလဒ် မခံစားရတာဟာ မှားယွင်းနေတဲ့ စနစ်ကြောင့်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ပါတီစည်းရုံးရေးခရီးစဉ်အဖြစ် တနင်္သာရီတိုင်းကို ၂ ရက်ကြာရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က ကော့သောင်း နဲ့ မြိတ်မြို့တွေမှာ ဒေသခံပြည်သူလူထုကို မိန့်ခွန်းပြောခဲ့ပြီး၊မနက်ဖြန်မှာ မြိတ်မြို့ကနေ ရန်ကုန်ကို ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။မနေ့က ဒီဇင်ဘာလ ၂၂ ရက်နေ့ မြိတ်မြို့မှာ ပြောကြားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကောက်နှုတ်ချက်ကို ဒေါ်ခင်ခင်အိက တင်ပြထားပါတယ်။
0:00 / 0:00