ဗိုလ်အောင်ကျော်လို တာဝန်သိ သူတွေ လိုအပ်နေတယ် လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

2016-02-27
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဗိုလ်အောင်ကျော်ရာပြည့်ပွဲ ကျင်းပတဲ့ အင်္ဂပူမြို့နယ်၊ မဲဇလီမြို့ ရုန်းဇင်ကျေးရွာမှာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ဒေါ်အောင်ဆန်း စုကြည် ပေးပို့သောသဝဏ်လွှာကို ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ဦးအောင်ကျော်ခိုင် ဖတ်ကြားစဉ်
ဗိုလ်အောင်ကျော်ရာပြည့်ပွဲ ကျင်းပတဲ့ အင်္ဂပူမြို့နယ်၊ မဲဇလီမြို့ ရုန်းဇင်ကျေးရွာမှာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ဒေါ်အောင်ဆန်း စုကြည် ပေးပို့သောသဝဏ်လွှာကို ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ဦးအောင်ကျော်ခိုင် ဖတ်ကြားစဉ်
Photo:Kyaw Kyaw Htwe (face book)

တိုင်းပြည်တည်ဆောက်ဖို့အတွက် ဗိုလ်အောင်ကျော်လို တိုင်းပြည်အပေါ်တာဝန်သိတဲ့ သားကောင်း သမီးကောင်းတွေ လိုအပ်နေတယ်လို့ ဒီနေ့ကျရောက်တဲ့ ဗိုလ်အောင်ကျော် နှစ် ၁ဝဝ ပြည့်မွေ့နေ့ အထိမ်းအမှတ် အခမ်းအနားမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာပေးပို့ လိုက်ပါတယ်။

အဲ့ဒီသဝဏ်လွာကို ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်၊ ရုံးဇင်ကျေးရွာမှာ ပြုလုပ်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ဦးအောင်ကျော်ခိုင်က ဖတ်ကြားခဲ့ပါတယ်။

"အလုပ်တာဝန်တွေကြောင့် မလာနိုင်တဲ့အတွက်ကိုလေ သဝဏ်လွှာပါးရတဲ့အကြောင်း ဒါလေးဖြစ်ရတယ် နိဒါန်းရေးပါတယ်ဗျ၊ အာဇာနည်ကိုတော့ နှစ်ပေါင်းရာထောင်မက သတိရနေတက်ပါတယ်တဲ့၊ ဗိုလ်အောင်ကျော်ကလည်း မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ကဏ္ဍကို မြတ်နိုးတန်ဖိုးထားတယ်၊ မြန်မာပြည်ကြီးကို ချစ်ခဲ့တယ်၊ သူချစ်တဲ့ သူ့တိုင်းပြည်အတွက် ရဲရဲ့ဝင့်ဝင့် လုပ်ဆောင်တယ်ဆိုတော့ ၁၃ဝဝ ပြည့် အရေးတော်ပုံရဲ့ တာဝန်တွေကို ထမ်းဆောင်ရင်း ကျဆုံးသွားတယ်၊ အရေးတော်ပုံပြီးတဲ့နောက် ၁ဝ နှစ်ကြာမှ ဗမာပြည် လွတ်လပ်ရေး ရခဲ့ပါတယ်၊ အဲ့ဒီနောက် နောင် အနှစ် ၅ဝ ကြာမှ ၈၈ ကျနော်တို့ အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့တယ်၊ ဒါပေမဲ့ တာဝန်တွေက မပြီးဆုံးသေးပါဘူး၊ မပြီးဆုံးသေးတဲ့ တာဝန်တွေကို ဆက်ပြီးထမ်းဆောင်ဖို့က ယနေ့ မျိုးဆက်တွေရဲ့တာဝန်ပါပဲ၊ ကိုယ့်ကံပါပေါ့ဗျာ ဗိုလ်အောင်ကျော်လို တိုင်းပြည်အပေါ်တာဝန်ကျေတဲ့ တာဝန်သိသူတွေ လိုအပ်တဲ့အကြောင်းကို သက်ဆိုင်ရာကဏ္ဍတွေအားလုံးအတွက် ငြိမ်းချမ်းမှု၊ ရေရှည်ကောင်းစားဖို့အတွက် ဗိုလ်အောင်ကျော်ကို ဂုဏ်ပြုကြဖို့ တိုက်တွန်းတယ်"

ဗိုလ်အောင်ကျော် နှစ်တစ်ရာပြည့် မွေးနေ့အခမ်းအနားကို ဗိုလ်အောင်ကျော် မွေးဖွားခဲ့တဲ့ ဧရာဝတီတိုင်း အင်္ဂပူမြို့နယ်က ရုံးဇင်ကျေးရွာမှာ ဗိုလ်အောင်ကျော် ပြခန်းကိုလည်း ဖွင့်လှစ်ခဲ့ပြီး ကျင်းပခဲ့တာဖြစ်ပါတယ်။

အင်္ဂပူမြို့နယ်က မယ်ဇလီကုန်းကျေးရွာနဲ့ ဗိုလ်အောင်ကျော်မွေးဖွားခဲ့တဲ့ ရုံးဇင်ကျေးရွာတွေမှာ ကျင်းပနေတာဖြစ် ပြီး ဖေဖော်ဝါရီ ၂၆ ရက်နေ့ကစတင်ကာ ၂၈ ရက်နေ့အထိ ၃ ရက်ကြာကျင်းပမှာဖြစ်ပါတယ်။

မွေးနေ့အထိမ်းအမှတ်အဖြစ် မယ်ဇလီကုန်းကျေးရွာက ဗိုလ်အောင်ကျော်ခန်းမမှာ ဗိုလ်အောင်ကျော်ရုပ်ထုကို မနေ့ကဖွင့်လှစ်ခဲ့ပြီး ဆွမ်းဆပ်ကပ်လှူဒါန်းပွဲ၊ စာပေဟောပြောပွဲနဲ့ ဖျော်ဖြေပွဲတွေကို ကျင်းပနေပါတယ်။

အရင်နှစ်တွေက ဗိုလ်အောင်ကျော် မွေးနေ့အထိမ်းအမှတ်ကို ဆွေမျိုးသားချင်းတွေက အကျဉ်းရုံးပြီး ကျင်းပခဲ့ပေမယ့် ဒီနှစ်မှာ နှစ်တစ်ရာပြည့် အထိမ်းအမှတ်အဖြစ် ဒေသခံတွေက ပွဲဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်းကျင်းပခဲ့တာဖြစ်ပါတယ်။

ဒီနေ့ကျင်းပတဲ့အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ဦးအောင်ကျော်ခိုင်နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီးတို့အပြင် စာရေးဆရာ၊ ဆရာမတွေနဲ့ ဒေသခံတွေတက်ရောက်ခဲ့ကြပါတယ်။

ကွန်မင့်များ (1)
Share

အမည်မဖော်လိုသူ

ဗိုလ်အောင်ကျော် လို လူမျိုးတော့ မရှိဘူး ဗိုလ်အောင်ကျော် ကို ရိုက်တဲ့ လူတွေမျိုး တွေတော့ လက်ရှိ အာဏာ ယူထားကြတယ်။

Feb 28, 2016 07:49 PM

ဆိုက်တခုလုံးသို့