မတ်လ ၃ ရက်နေ့ ပစ်ခတ်မှုကြောင့် သေဆုံးသူ ၂၆ ဦးရှိလာ

စောဖိုးခွား
2021.03.03
မတ်လ ၃ ရက်နေ့ ပစ်ခတ်မှုကြောင့် သေဆုံးသူ ၂၆ ဦးရှိလာ စစ်ကိုင်းတိုင်း မုံရွာမြို့တွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူများကို စစ်တပ်နှင့်ရဲက အကြမ်းဖက်ဖြိုခွဲစဉ်။
Photo: RFA

မတ်လ ၃ ရက်နေ့ ဒီကနေ့ ဆန္ဒပြပွဲအတွင်း စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက် ပစ်ခတ်မှုကြောင့် တစ်နိုင်ငံလုံးက သေဆုံးတဲ့သူ ၂၆ ဦးထက်မနည်း ရှိခဲ့တယ်လို့ RFA က ကနဦး အတည်ပြုချက် ရရှိထားပါတယ်။

ရန်ကုန်က ပစ်ခတ်ဖြိုခွဲခံရတဲ့အထဲမှာ မြောက်ဥက္ကလာပမြို့နယ်မှာ အဆိုးရွားဆုံးဖြစ်ပြီး သေဆုံးသူ ၁၃ ဦး ရှိခဲ့တယ်လို့ လူမှုကူညီရေး အသင်းအဖွဲ့တွေဆီကတစ်ဆင့် RFA က အတည်ပြုချက် ရရှိထားပါတယ်။ သေဆုံးတဲ့သူတွေရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

စစ်ကိုင်းတိုင်း မုံရွာမြို့မှာလည်း ဒီကနေ့ သေဆုံးသူ ၈ ဦး ရှိခဲ့ပါတယ်။  

မကျော့နန္ဒအောင် (၂၅ နှစ်) ၊ ကိုဖိုးသဲ (၁၇ နှစ်)၊ ကိုဇော်သိန်းအောင် (၂၀ နှစ်နှစ်ျောင်းဆရာမ ဒေါ်မြင့်မြင့်ဇင် (၃၆ နှစ်)၊ ကျူရှင်ဆရာ ကိုမိုးအောင် (၂၃ နှစ်)၊ ကိုနိုင်ဝင်း (၄၅ နှစ်) နဲ့ အမည်မသိသေးတဲ့ အမျိုးသားနှစ်ဦး ဖြစ်တယ်လို့ မုံရွာဂေဇက်သတင်းဌာနက RFA ကို အတည်ပြုပြောဆိုပါတယ်။

မန္တလေးမြို့မှာတော့ ကိုမျိုးနိုင်လင်း (၃၉) နှစ်နဲ့  မကြယ်စင် (၁၉နှစ်) တို့နှစ်ဦးသေဆုံးသွားပါတယ်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာလည်း မော်လမြိုင်တက္ကသိုလ်ကျောင်းသား မောင်ထက်ဝေထူး (၁၉ နှစ် )ဟာ စစ်တပ်နဲ့ ရဲလက်ချက်ကြောင့် ဒီကနေ့ သေဆုံးသွားပါတယ်။

မန္တလေးတိုင်း မြင်းခြံမြို့မှာ ကိုဇင်ကြီး  (၂၁ နှစ်)၊ မကွေးတိုင်း စလင်းမြို့မှာ ဒုတိယနှစ် အင်ဂျင်နီယာကျောင်းသား ကိုအောင်မြင့်မြတ် (၂၀ နှစ်) တို့ ဒီကနေ့ သေဆုံးခဲ့ပါတယ်။

သေဆုံးသွားသူ အားလုံးဟာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက် ပစ်ခတ်မှုကြောင့် ဦးခေါင်းနဲ့ ဝမ်းဗိုက်တွေမှာ ကျည်ဆံထိမှန်ပြီး ပွဲချင်းပြီး သေဆုံးသွားတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2021-03-03 20:26

We are extremely said, We Paid respect whom dead in against the military coup
They are Martyrs in Myanmar