ဗြိတိန်က ဒီပဲယင်း နှစ်ပတ်လည် ဆန္ဒပြပွဲ

မေလ (၃၀) ရက်နေ့မှာ ကျရောက်တဲ့ ဒီပဲယင်း အရေးအခင်း နှစ်ပတ်လည် အဖြစ် ဗြိတိန်နိုင်ငံက မြန်မာအရေး လှုပ်ရှားသူတွေက လန်ဒန်မြို့မေဖဲယားရပ်ကွက်မှာ ရှိတဲ့ မြန်မာသံရုံးရှေ့မှာ မနေ့က ဆန္ဒပြခဲ့ ကြပါတယ်။

2011-05-31
Share
depeyin_protest_uk_305_z ဒီပဲယင်း အရေးအခင်း နှစ်ပတ်လည် အဖြစ် ဗြိတိန်နိုင်ငံက မြန်မာအရေး လှုပ်ရှားသူတွေက လန်ဒန်မြို့မေဖဲယားရပ်ကွက်မှာရှိတဲ့ မြန်မာသံရုံးရှေ့မှာ ၂၀၁၁ ခုနှစ် မေလ ၃၀ ရက်နေ့က ဆန္ဒပြနေပုံ။ ဓါတ်ပုံ - BDC
BDC

ဒီပဲယင်း အရေးအခင်းမှာ ကျဆုံးသူတွေကို ဂုဏ်ပြုတဲ့ အနေနဲ့ရော (၁၉၉၀) ရွေးကောက်ပွဲရလာဒ် ဥပေက္ခာ အပြုခံရတဲ့အတွက် ကြေကွဲဝမ်းနည်းတဲ့ အနေနဲ့ ဒီဆန္ဒပြပွဲမှာ ပါဝင်သူတွေက အနက်ရောင်တွေ ဝတ်ဆင်ပြီး ဆန္ဒပြခဲ့တယ်လို့ ပါဝင်လှုပ်ရှားသူ တဦးဖြစ်တဲ့ ဦးမျိုးသိန်းက ပြောပြပါတယ်။

"ကျနော်တို့ Burma Democratic Concern BDC အပါအဝင် သွားရောက် ဆန္ဒ ပြကြပါတယ်။ လူပေါင်း ရာကျော် လာပြီး စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ ဆန္ဒပြ ကြပါတယ်။ တိုင်းရင်းသား ညီအကို မောင်နှမတွေအားလုံး အနက်ရောင်ကို ဝတ်ပြီး ဘာကိုပြသလည်းဆိုတော့ အဲဒီမှာ ဆုံးရှုံးသွားတယ်ပေါ့နော်။ သူတို့နဲ့အတူ သတိတရရှိနေတယ်၊ ဝမ်းနဲပါတယ်ဆိုတဲ့ အထိမ်းအမှတ်လည်း ဖြစ်ပါတယ်"

မနေ့က ကျရောက်ခဲ့တဲ့ဒီပဲယင်း နှစ်ပတ်လည်အခမ်းအနားမှာ ဒီပဲယင်း လှုပ်ကြံမှု ကျူးလွန်ခဲ့သူတွေကို အစိုးရသစ်က အမြန်ဆုံး အရေးယူပေးဖို့ မြို့နယ်ပေါင်း (၁၁) မြို့နယ်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အဖွဲ့ဝင်တွေက မိထ္ထီလာခရိုင် သာစည် မြို့နယ်မှာ စုဝေး တောင်းဆိုခဲ့ကြပါတယ်။

ဒီအတောအတွင်းမှာဘဲ ဒီပဲယင်း အရေးအခင်းအပြီးမှာ အထိန်းသိမ်းခံရကာ ပြီးခဲ့တဲ့နိုဝင်ဘာလကမှ အကျယ်ချုပ်ကနေ လွတ်မြောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်က လာမယ့် ဇွန်လအတွင်း နယ်ထွက် စည်းရုံးရေး ခရီးစဉ်တွေ ပြန်စမယ်လို့မနေ့က ပြောဆိုလိုက်ပါတယ်။

Anonymous says:
2011-09-21 00:56

everyday the oppression of the poor by the rich, the rice were not paying just wages in spite of the face that the workman had demanded them.The gravamen had brought upon the poor.

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့