စစ်တပ်က ဖမ်းဆီးထားသူတစ်ဦး တစ်လနီးပါးအထိ အဆက်အသွယ်မရ

2021.12.06
စစ်တပ်က ဖမ်းဆီးထားသူတစ်ဦး တစ်လနီးပါးအထိ အဆက်အသွယ်မရ ရခိုင်ပြည်နယ် အမ်းမြို့နယ် စစ်တပ်စစ်ဆေးရေးဂိတ်မှာ အဖမ်းခံခဲ့ရတဲ့ မြေပုံမြို့နယ် စိတ္တရာရွာသား ကိုနေဝင်းစိုးကို တွေ့ရစဉ်
Photo: CJ

ရခိုင်ပြည်နယ် အမ်းမြို့နယ် စစ်တပ်စစ်ဆေးရေးဂိတ်မှာ အဖမ်းခံခဲ့ရတဲ့ မြေပုံမြို့နယ် စိတ္တရာရွာသား ကိုနေဝင်းစိုးဟာ တစ်လနီးပါးကြာတဲ့အထိ မိသားစုနဲ့ အဆက်အသွယ်မရဘူးလို့ ဇနီးဖြစ်သူက ပြောပါတယ်။

ကိုနေဝင်းစိုးဟာ ကျောက်ကပ်မကောင်းလို့ ရန်ကုန်မှာ ဆေးကုသွားပြီးအပြန် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်က အမ်းမြို့နယ်က စစ်ဆေးရေးဂိတ်မှာ အဖမ်းခံလိုက်ရတာပါ။

အဲဒီနေ့ ညနေ လေးနာရီလောက်က အမ်းမြို့စစ်ဆေးရေးဂိတ်မှာ သူ့ကိုမသင်္ကာလို့ စစ်တပ်က ဖမ်းဆီးထား ကြောင်း၊ သူမရှိတုန်း ကျန်းကျန်းမာမာနေဖို့ ဇနီးဖြစ်သူကို ဖုန်းဆက်မှာကြားခဲ့ပြီး အခုထိ အဆက်အသွယ် မရတော့ဘူးလို့ ဇနီးဖြစ်သူ မနှင်းမြတ်မွန်က RFA ကို ပြောပါတယ်။

ကားပေါ်မှာ သူနဲ့အတူလိုက်ပါလာတဲ့ ခရီးသည်တွေထဲက ကိုနေဝင်းစိုး တစ်ယောက်တည်း အဖမ်းခံလိုက်ရ တယ်ဆိုပြီး ခရီးသည်တွေကတဆင့် သိရတယ်လို့ ဆိုပါတယ်။

အမ်းမြို့နယ် ရဲစခန်းမှူးကို ဖုန်းကနေတဆင့် ဆက်သွယ်ကြည့်ရာမှာ အဲဒီအကြောင်းကို မသိရှိရသလို သူတို့ ရဲစခန်းမှာလည်း မရှိဘူးလို့ ဆိုပါတယ်။

ရွာလူကြီးတွေနဲ့အတူ အကျဉ်းထောင်၊ ရဲစခန်းတွေအပြင် တရားရုံးတွေကို ဆက်သွယ်စုံစမ်းကြည့်ပေမယ့် အကြောင်းထူးမလာဘူးလို့လည်း ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။