နှိပ်စက်ပြီး ဖြောင့်ချက်ပေးခိုင်းကြောင်း ဗုံးပေါက်ကွဲမှုဖြင့် အဖမ်းခံရသူများ ပြောကြား
2011.02.16
ရန်ကုန်မြို့၊ ကန်တော်ကြီးနဘေးရှိ X2O သြင်္ကန်မဏ္ဍပ်တွင် ၂၀၁၀ ဧပြီ ၁၅ ရက် သြင်္ကန်အကြတ်နေ့က ဗုံးသုံးလုံး ဆက်တိုက် ပေါက်ကွဲသဖြင့် ထိခိုက်ဒဏ်ရာရသူများကို လူနာတင်ယာဉ်ပေါ်သို့ တင်ဆောင်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)
အဲဒီလူငယ်တွေကတော့ ကိုဘိုဘိုသိန်း၊ ကိုသော်ဇင်၊ ကိုမျိုးကြီးနဲ့ အခြားလူငယ် ၂ ဦးတို့ပါ။
သူတို့ဟာ ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်မှာ ရုံးခန်းတခု ဖွင့်ပြီး ပြည်ပနိုင်ငံတွေကို ငါးတင်ပို့တဲ့ လုပ်ငန်း လုပ်နေကြသူတွေလို့ သိရပါတယ်။
အဲဒီလူငယ်တွေကို ဖမ်းဆီးစစ်ဆေးတုန်းက ညှဉ်းပန်းနှိပ်စက်ပြီး သူတို့ မကျူးလွန်တဲ့အမှုကို အတင်းအကျပ် ဝန်ခံခိုင်းခဲ့တယ်လို့လည်း မိသားစုဝင်တွေကနေတဆင့် သိရပါတယ်။ အခုတော့ စစ်အစိုးရက သူတို့ကို ပုဒ်မအမျိုးမျိုးနဲ့ ရုံးတင် စစ်ဆေးနေပြီး မကြာခင် ရက်ပိုင်းမှာ စီရင်ချက် ချမှတ်တော့မှာ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ ကိုဘိုဘိုသိန်းရဲ့ ဖခင် ဦးဟန်သိန်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ် မေးမြန်းထားပါတယ်။
| ဆက်သွယ်မေးမြန်းချက် |
|
| အသံဖိုင်ယူရန် |









