ဒေါက်တာထွန်းအောင်ကို အင်းစိန်ထောင် ပြောင်းရွှေ့


2014.02.06
insein-prison-305.jpg ရန်ကုန်မြို့၊ အင်းစိန်ထောင်အဝင်ဝ
Photo: RFA

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇွန်လက စတင်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ဆက်နွယ်ပြီး စစ်တွေအကျဉ်းထောင်မှာ ထောင်ဒဏ် ၁၂ နှစ် အကျဉ်းကျခံနေရတဲ့ ဒေါက်တာထွန်းအောင် (ခေါ်) နုရာဟက်ကို စစ်တွေအကျဉ်းထောင်ကနေ ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်ကို ဒီကနေ့ ပြောင်းရွှေ့လိုက်ကြောင်း သိရပါတယ်။

ဒေါက်တာထွန်းအောင်(ခေါ်) နုရာဟက်ကို ပြည်သူပိုင် ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေပုဒ်မ ၆ (၁) အရ အလုပ်နဲ့ ထောင်ဒဏ် ၁ နှစ်၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို ပျက်ပြားစေတဲ့အမှုနဲ့ အလုပ်နဲ့ ထောင်ဒဏ် ၄ နှစ်၊ အရေးပေါ်စီမံမှု အက်ဥပဒေ ပုဒ်မ ၅(ည) အရ အလုပ်နဲ့ ထောင်ဒဏ် ၇ နှစ် စုစုပေါင်း အလုပ်နဲ့ ထောင်ဒဏ် ၁၂ နှစ်ကို သီးခြားစီကျခံစေဖို့ ၂၀၁၂ ခုနှစ် နိုဝင်ဘာလအတွင်းက စစ်တွေခရိုင်တရားရုံးကနေ အမိန့်ချမှတ်ခဲ့ တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ နှစ်ကုန်ပိုင်းက နိုင်ငံတော်သမ္မရဲ့ အမိန့်နဲ့ ပြစ်ဒဏ်တစ်ချို့ကို လျှော့ပေါ့ခဲ့ကြောင်းလည်း သိရပါတယ်။ ဒေါက်တာထွန်းအောင်ကို ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇွန်လ ၁၁ ရက်နေ့က မောင်တောမြို့ ကုလသမဂ္ဂ UNHCR ရုံးခွဲမှာ အစိုးရအာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။