ဥရောပက ပိတ်ဆို့မှုတွေ ယာယီရပ်မည်

အီးယူ ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ယာယီ ရပ်ဆိုင်းတော့မယ်လို့ အီးယူအဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။

2012.04.19
eu-andris-piebalgs-b305 ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက် တွင် မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ နည်းလမ်းများ နှီးနှောဖလှယ်ပွဲ ညီလာခံ၌် အီးယူ ကော်မရှင်နာမင်းကြီး မစ္စတာ Andris Piebalgs ဆွေးနွေးနေစဉ်။
courtesy of European Commission

အခုဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေကို တစ်နှစ်တာ ရပ်ဆိုင်းမှာ ဖြစ်ပြီး၊ လက်နက် ရောင်းဝယ်မှုကိုတော့ ခြွင်းချက်အဖြစ် ဆက်လက် ပိတ်ဆို့ထားမှာ ဖြစ်ပါတယ်။

အီးယူအဖွဲ့ဝင် နိုင်ငံတွေက သံမှူးတွေဟာ ဘယ်လ်ဂျီယန်နိုင်ငံ ဘရပ်ဆဲလ်မြို့မှာ တွေ့ဆုံစဉ် ဆုံးဖြတ်ခဲ့တာဖြစ်ပြီး လာမယ့် ဧပြီလ ၂၃ ရက်နေ့မှာ ကျင်းပမယ့် အီးယူအဖွဲ့ဝင် နိုင်ငံခြားရေး ဝန်ကြီးတွေ အစည်းအဝေးကနေ တရားဝင် အတည်ပြုပေးရမှာလို့ ဆိုပါတယ်။

အီးယူ ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့တာ နှစ်ပေါင်း ၂၀ ကျော် ကြာခဲ့ပြီ ဖြစ်ပါတယ်။ အခုလို ပိတ်ဆို့အရေးယူမှု ရပ်ဆိုင်းလိုက်ပြီးရင် မြန်မာနိုင်ငံကို GSP ခေါ် "ကုန်သွယ်မှု အထူးခံစားခွင့်" နိုင်ငံအဖြစ် သတ်မှတ်ပြီး မြန်မာနိုင်ငံက ထုတ်ကုန်တွေ အီးယူ အဖွဲ့ဝင်နိုင်ငံတွေမှာ တင်ပို့ရောင်းချနိုင်ဖို့အတွက် အထူးခံစားခွင့် ပေးသွားမယ်လို့လည်း ပြောနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။