လယ်သမားသမဂ္ဂ ဗဟိုညီလာခံ ကျင်းပ


2018.08.13
farmers-union-conference-sittwe-622.jpg ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ဗဟိုညီလာခံကို စစ်တွေမြို့မှာ ၂၀၁၈၊ သြဂုတ် ၁၃ ရက်နေ့က ကျင်းပစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ဗဟိုညီလာခံကို စစ်တွေမြို့မှာ ၄ရက်ကြာ ကျင်းပနေပါတယ်။

ဒီညီလာခံကနေ တောင်သူတွေအတွက် ရလာဒ်ကောင်းတွေ ထွက်ပေါ်လာဖို့ မျှော်လင့်ထားတယ်လို့ ညီလာခံ ဖြစ်မြောက်ရေးတာဝန်ခံ ဦးကျော်ဇံ က ပြောပါတယ်။

"ကျနော်တို့ ဒီညီလာခံဟာ တောင်သူလယ်သမားတွေရဲ့သမိုင်းမှာ ပထမဆုံးညီလာခံလို့ ပြောလို့ရတယ်။ ဒါကြောင့် ဒီညီလာခံကနေ ကျနော်တို့မျှော်လင့်ချက်တွေ အများကြီးထားတယ်။ တစ် မျှော်လင့်ချက်ကတော့ စနစ်တကျစုစည်းနိုင်မယ့် တောင်သူလယ်သမားတွေ တညီတညွတ်တည်းပေါ့။ ဒုတိယကတော့ အဲဒီလို ညီညွတ်တဲ့အခါမှာ ကျနော်တို့ ဘာတွေလုပ်မယ်၊ အကျိုးစီးပွားနဲ့ ဆက်စပ်ပြီးတော့ လက်တွေ့လုပ်ငန်းစဉ်တွေမှာ ဘာတွေအကောင်အထည်ဖော်မယ်ဆိုတာကို ကျနော်တို့က နောက်ဆုံးနေ့မှာ တနေကုန် ကျနော်တို့ အကြိတ် အနယ် ဆွေးနွေးသွားဖို့ရှိပါတယ်"

တောင်သူလယ်သမားတွေရဲ့ အကျိုးစီးပွားကို မြှင့်တင်ဖို့၊ ဖက်ဒရယ်ပြည်ထောင်စုကို အခြေခံပြီး ဥပဒေနဲ့ ညီညွတ်မှု မရှိတဲ့ မြေယာသိမ်းယူမှုတွေကို ကာကွယ်ဖို့၊ တောင်သူလယ်သမားတွေအနေနဲ့ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ ကျင်းပတာလို့ ဦးကျော်ဇံက ပြောပါတယ်။

ဒီညီလာခံမှာ ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ရွေးချယ်သွားမှာ ဖြစ်သလို ရှေ့ဆက်လုပ်ငန်းစဉ်တွေကို ဆွေးနွေးဆုံးဖြတ်မှာဖြစ်တယ်လို့ သိရပါတယ်။

ညီလာခံမှာ ရခိုင်ပြည်နယ် ၁၇ မြို့နယ်က တောင်သူကိုယ်စားလှယ်တွေ၊ စိုက်ပျိုးမွေးမြူရေး ကျွမ်းကျင်သူတွေ တက်ရောက်ဆွေးနွေးနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။