ပုဒ်မ ၁၉ နဲ့ တရားစွဲခံရသူ ၃ ဦး ငွေဒဏ်တွေ ချမှတ်ခံရ

2018-12-18
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
တရားစွဲဆိုခံရတဲ့ ကချင်လူငယ် ၃ ဦး ကိုဘရန်မိုင်၊ မဆွတ်ဆိုင်းထွယ်နဲ့ ကိုဆိုင်းခွမ်အောင် (ဝဲမှ ယာသို့) တို့ကို ၂၀၁၈၊ ဒီဇင်ဘာ ၁၈ ရက်နေ့က မြစ်ကြီးနားမြို့နယ် တရားရုံးမှာ တွေ့ရစဉ်
တရားစွဲဆိုခံရတဲ့ ကချင်လူငယ် ၃ ဦး ကိုဘရန်မိုင်၊ မဆွတ်ဆိုင်းထွယ်နဲ့ ကိုဆိုင်းခွမ်အောင် (ဝဲမှ ယာသို့) တို့ကို ၂၀၁၈၊ ဒီဇင်ဘာ ၁၈ ရက်နေ့က မြစ်ကြီးနားမြို့နယ် တရားရုံးမှာ တွေ့ရစဉ်
Photo: Elizabeth/ RFA

ထောင်ချခံရတဲ့ ကချင်တိုင်းရင်းသား ၃ ဦး အမှုကို ကန့်ကွက်ဆန္ဒပြခဲ့တဲ့အတွက် ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ နဲ့ တရားစွဲခံထားရသူ လူငယ် သုံးဦးကို မြစ်ကြီးနားမြို့နယ် တရားရုံးက ငွေဒဏ်အသီးသီး ကျခံဖို့ ဒီနေ့ မနက်မှာ အမိန့်ချမှတ်လိုက်ပါတယ်။

ကိုဘရန်မိုင်နဲ့ ကိုဆိုင်းခွမ်အောင်တို့ နှစ်ဦးကို ငွေဒဏ် ကျပ် ၃ သောင်းစီနဲ့ မဆွတ်ဆိုင်းထွယ်ကတော့ ပုဒ်မ ၁၉ နဲ့ တရားစွဲခံရတာ နှစ်ကြိမ်ရှိပြီဖြစ်တာကြောင့် ဒဏ်ငွေ ကျပ် ၁ သိန်း ချမှတ်လိုက်တာ ဖြစ်တယ်လို့  မဆွတ်ဆိုင်းထွယ်က ပြောပါတယ်။

ဒီလူငယ် ၃ ဦးဟာ တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ ဒုက္ခသည်တွေကို ကယ်ထုတ်နိုင်ရေးအတွက် ဆန္ဒပြခဲ့တဲ့  ဦးလွမ်းဇောင်း၊ ဦးဇော်ဂျတ်နဲ့ ဒေါ်နန်ပူတို့ကို မြစ်ကြီးနားမြို့နယ် တရားရုံးက ထောင်ဒဏ်ချမှတ်လိုက်တာကို  မကျေနပ်တာကြောင့် တရားရုံးရှေ့ကနေ မနောကွင်းအထိ လမ်းလျှောက်ပြီး ဆန္ဒ ဖော်ထုတ်ခဲ့တဲ့အတွက် အမှုဖွင့်ခံရတာဖြစ်ပါတယ်။

သက်ဆိုင်ရာဌာနကို ခွင့်ပြုချက်မတင်ဘဲ ဆန္ဒထုတ်ဖော် စီတန်းလမ်းလျှောက်ခဲ့တဲ့အတွက် ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ နဲ့  မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်မိုးက တရားစွဲဆိုခဲ့တာပါ။

ဒီသတင်းကို RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာ ပေးပို့တာပါ။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့