ပင်လယ်ထဲ မျောပါသွားတဲ့ ကျားဖောင်လုပ်သား ၁၂ ဦးကို ကယ်ခဲ့ကြောင်း စစ်ကောင်စီပြော

RFA Burmese
2024.11.10
ပင်လယ်ထဲ မျောပါသွားတဲ့ ကျားဖောင်လုပ်သား ၁၂ ဦးကို ကယ်ခဲ့ကြောင်း စစ်ကောင်စီပြော ပင်လယ်ပြင်တွင် ငါးဖမ်းရန် ပိုက်ချနေသည့် ကျားဖောင်တချို့အား ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလအတွင်းက တွေ့ရစဉ်။
Photo: RFA

မြန်မာ့ပင်လယ်ပြင်မှာ ရေထဲမျောပါနေတဲ့ ကျားဖောင်လုပ်သား ၁၂ ဦးကို ကယ်ခဲ့ကြောင်း စစ်ကောင်စီက နိုဝင်ဘာ ၁ဝ ရက်နေ့ညမှာ သတင်းထုတ်ပြန်ပါတယ်။

ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းမြို့နယ်ကနေ ရေမိုင် ၂၅ မိုင်ခန့်အကွာနေရာကနေ နိုဝင်ဘာ ၉ ရက်နေ့က ကယ်ဆယ်ခဲ့တာလို့ စစ်ကောင်စီက ပြောပါတယ်။

အဲဒီရေလုပ်သားတွေဟာ ဖျာပုံမြစ်ဝနဲ့ ရေမိုင် ၁၀ မိုင်ခန့်အကွာမှာ ကျားဖောင်လုပ်ငန်းလုပ်နေချိန် နိုဝင်ဘာ ၆ ရက်နေ့ညက ရာသီဥတုဆိုးရွားခဲ့တာကြောင့် ကျားဖောင်တွေ ပျက်စီးပြီး ပင်လယ်ထဲမျောပါသွားခဲ့တာလို့ ဆိုပါတယ်။

အဲဒီသူတွေကို ငါးဖမ်းရေယာဉ်က တွေ့ရှိကယ်ဆယ်ခဲ့ပြီးနောက် စစ်ကောင်စီ ရေယာဉ်က သွားရောက် ခေါ်ဆောင်ပြီး ကျန်းမာရေးစစ်ဆေးပေးခဲ့တာဖြစ်ကြောင်း စစ်ကောင်စီက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း ပင်လယ်ပြင်အတွင်းမှာ မျောပါသွားတဲ့ မြန်မာရေလုပ်သားသုံးဦးကို ဗီယက်နမ်နိုင်ငံအလံတင် သင်္ဘောက တွေ့ရှိကယ်ဆယ်ခဲ့ပြီးနောက် စစ်ကောင်စီ ရေတပ်ကို လွှဲပြောင်းပေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။