စစ်ကောင်စီက ဧပြီလ ၁၇ ရက်နေ့၊ နှစ်ဆန်းတစ်ရက်နေ့ တနင်္လာနေ့မှာ ပြန်လွှတ်ခဲ့တဲ့ အကျဉ်းသား ၃၁၁၃ ဦး ထဲမှာ နိုင်ငံခြားသား အနည်းဆုံး ၉၈ ဦး ပါဝင်ပါတယ်။
စစ်ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးကတော့ နိုင်ငံအချင်းချင်း မိတ်မပျက်ဆက်ဆံရေးကိုရှေးရှုတာရော၊ လူသားချင်းစာနာမှုအရပါ နိုင်ငံခြားသား ၉၈ ဦးကို လွှတ်ပေးခဲ့တာဖြစ်တယ်လို့ မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားတာပါ။
ဒါပေမဲ့လည်း စစ်အာဏာသိမ်းပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်မလာပါဘူး။
အကျဉ်းထောင်တွေထဲမှာ စစ်အာဏာသိမ်းမှုကို နည်းမျိုးစုံနဲ့ဆန့်ကျင်လို့ အကျဉ်းချခံနေရသူ အနည်းဆုံး ၁၇၄၆ဝ ရှိနေဆဲဖြစ်ပြီး၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်း သတ်ဖြတ်ခံရသူ အနည်းဆုံး ၃၂၄ဝ ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။