ကလေးငယ်လေးဦးကို စစ်ကောင်စီတရားရုံးက ထောင်သုံးနှစ်ချ

RFA Burmese
2023.01.04
ကလေးငယ်လေးဦးကို စစ်ကောင်စီတရားရုံးက ထောင်သုံးနှစ်ချ သန်လျင်လူငယ်သင်တန်းကျောင်းအား ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဉ်။
AAPP

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်က အသက် ၁၈ နှစ်အောက် ကလေးငယ်လေးဦးကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်မနေ့က ဒဂုံမြို့နယ် ကလေးသူငယ်တရားရုံးက လက်နက်များ အက်ဥပဒေပုဒ်မ ၁၉ (စ) နဲ့ ထောင်သုံးနှစ်စီ ချမှတ်ခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက RFA ကို ပြောပါတယ်။

အသက် ၁၆ နှစ်ဝန်းကျင်တွေဖြစ်တဲ့ မောင်ငွေဇင်၊ မောင်လင်းသန့်အောင်၊ မောင်အောင်အောင်၊ မောင်နေမင်းကိုကိုတို့ လေးဦးကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှာ ဖမ်းဆီးခံခဲ့ရတာပါ။

သူတို့လေးဦး မွေးနေ့ပွဲတစ်ခုကိုသွားချိန်မှာ စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့တာလို့ မိသားစုနဲ့နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

“အဲဒီမှာ ကလေးတွေက မွေးနေ့ပွဲသွားကြတာ။ သူတို့သွားတဲ့အိမ်ကို တပ်နဲ့ရဲက ဝင်ဖမ်းတော့ အဲဒီအိမ်မှာ ပစ္စတို နှစ်လက်တွေ့တယ်ဆိုပြီး ဖမ်းသွားတာ။ အိမ်ထဲက ရေစင်ပေါ်မှာတွေ့တာ။ ကလေးတွေက အဲဒါကို သူတို့မသိဘူး။ အိမ်ရှင်ကတော့ ထွက်ပြေးသွားတယ်။ သူတို့ အဖမ်းခံလိုက်ရတာ”

ထောင်ချခံရသူတွေကို သန်လျင်လူငယ်ထိန်းသိမ်းရေးစခန်းကို ပို့ဖို့စီစဉ်နေတယ်လို့လည်း သူက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့စာရင်းအရ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃ ရက်အထိ ၁၃,၃၇၅ ဦးဖမ်းဆီးခံထားရပြီး အဲဒီထဲမှာ ကလေးငယ် ၂၃၀ ကျော်ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။