အရှင်ဂမ္ဘီရ ပြန်လွတ်ပြီ

သောကြာနေ့ နံနက် ၂ နာရီလောက်က အာဏာပိုင်တွေ လာရောက် ခေါ်ဆောင်သွားတဲ့ အရှင်ဂမ္ဘီရကို ည ၉ နာရီလောက်မှာ ပြန်လည် လွှတ်ပေးလိုက်ကြောင်း သတင်းရရှိပါတယ်။

အရှင်ဂမ္ဘီရကို သံဃာ့ မဟာနာယကအဖွဲ့ ဦးဆောင်ဆရာတော်တွေက ခေါ်ယူ တွေ့ဆုံတယ်လို့ သိရပြီး အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ အခုလို အရှင်ဂမ္ဘီရ ပြန်လွတ်လာတယ်လို့ မကြားသိရသေးခင် မနေ့ညနေပိုင်းမှာတော့ သူ့ကိစ္စနဲ့ ပတ်သက်လို့ အမေရိကန်အစိုးရက အတော်ကလေး စိုးရိမ်ပူပန်ကြောင်းနဲ့ အရှင်ဂမ္ဘီရကို ပြန်လွှတ်ပေးဖို့ တိုက်တွန်းကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဗစ်တိုးရီးယား နူလန်က ပြောကြားသွားပါတယ်။