တိုင်းမ်မဂ္ဂဇင်း ဖော်ပြချက် ဝန်ကြီးဌာနပေါင်းစုံ ဆွေးနွေး

2013-06-25
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ပုံ
ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ပုံ
photo: U Ye Htut Facebook

လာမယ့် ဇူလိုင်လ ၁ ရက်နေ့အတွက်ထုတ်ဝေတဲ့ တိုင်းမ်မဂ္ဂဇင်း မှာဖော်ပြထားတဲ့ ဗုဒဘာသာ အကြမ်းဖက်မှုပြယုဒ် (The Face of Buddhist Terror) ဆောင်းပါးမှာ ရေးသားထားတဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး အရေးယူသွားဖို့အတွက် မြန်မာနိုင်ငံ ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့်ဖြန့်ချိ ရေးလုပ်ငန်းများ ကြီးကြပ်မှုဗဟိုအဖွဲ့ကနေ အရေးပေါ်ကာလ စီမံခန့်ခွဲရေးဗဟိုကော်မတီကို တင်ပြမယ်လို့ သိရပါတယ်

ဒီဆောင်းပါးထဲက အချက်အလက်တွေဟာ မြန်မာနိုင်ငံရဲ့ ဘာသာပေါင်းစုံ ကြားမှာ တည်ဆောက်နေတဲ့ နားလည်မှု လုပ်ငန်းစဉ်ကို အနှောက်အယှက် ဖြစ်စေနိုင်သလို မလိုလားအပ် တဲ့ ဘေးအန္တရာယ်တွေ ကျရောက်နိုင်တဲ့အတွက် ဒီကနေ့ကျင်းပတဲ့ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် ဖြန့်ချိရေးလုပ်ငန်းများ ကြီးကြပ်မှုဗဟိုအဖွဲ့ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်တယ်လို့ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်က RFA ကို ပြောပါတယ်။

"ဒီနေ့မနက် ကျနော်တို့ ပြန်ကြားရေးဝန်ကြီးဌာန အပါအဝင် ဌာနအသီးသီးက ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် ဖြန့်ချိရေးလုပ်ငန်းများ ကြီးကြပ်မှုဗဟိုအဖွဲ့ အစည်းအဝေးထိုင်ပါတယ်၊ အဲဒီအစည်းမှာ ဝိုင်းဝန်းဆွေးနွေးပြီးတဲ့အခါမှာ တိုင်းမ်းမဂ္ဂဇင်းမှာ ရေးသားထားတဲ့ ရေးသားဖော်ပြချက်က နိုင်ငံအတွင်းမှာ မတည်မငြိမ်မှုတွေ ဖြစ်စေနိုင်တယ်၊ နောက်ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ ပုဒ်မ ၃၆၁၊ ၃၆၂၊ ၃၆၃၊ ၃၆၄ မှာ ပြဌာန်းချက်တွေကိုလည်း ထိခိုက်စေနိုင်တယ်၊ နောက်ကျနော်တို့ဆောင်ရွက်နေတဲ့ ဘာသာပေါင်းစုံကြား နားလည်မှုတည်ဆောက်ရေး လုပ်ငန်းတွေကိုလည်း ထိခိုက်စေနိုင်တဲ့အတွက်ကြောင့်မို့ ဒီအရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီအနေနဲ့ လိုအပ်သလို အရေးယူဆောင်ရွက်ပေးနိုင်ရန်လို့ ကျနော်တို့မေတ္တာရပ်ခံဖို့ ဆုံးဖြတ်ပါတယ်၊ အဲဒီအတိုင်းပဲ ကော်မတီရဲ့ ဥက္ကဌအဖြစ် တာဝန်ယူတဲ့ ပြည်ထဲရေးဝန်ကြီးဌာနကို ကျနော်တို့ မေတ္တာရပ်ခံစာပေးပို့ပြီးဖြစ်ပါတယ်"

ဒီအရေးပေါ် ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီဟာ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေ ထပ်မံ မဖြစ်ပွားအောင် ကာကွယ်ဖို့အတွက် သမ္မတ ဦးသိန်းစိန်က မတ်လ ၃ဝ ရက်နေ့မှာ ဖွဲ့စည်းခဲ့တာလို့ သိရပါတယ်။

တိုင်းမ်မဂ္ဂဇင်းမှာ ဖော်ပြချက်နဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထား အမြင်တွေကို မသူဇာက စုစည်းတင်ပြထားပါတယ်။

တိုင်းမ်မဂ္ဂဇင်းမှာ ဖော်ပြချက်အပေါ် အစိုးရရဲ့ ရပ်တည်ချက် အမြင်တွေနဲ့ ပတ်သက်လို့ သမ္မတပြောခွင့်ရ ပုဂ္ဂိုလ် ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်ကို မသူဇာက ဆက်သွယ်မေးမြန်းထားပါတယ်။

တိုင်းမ်မဂ္ဂဇင်း ဖော်ပြချက်နဲ့ ပတ်သက်လို့  နိုင်ငံရေးပါတီတွေရဲ့ သဘောထား အမြင်တွေကို မအိအိခိုင်က စုစည်းတင်ပြထားပါတယ်။

ကွန်မင့်များ (8)
Share

David

နေရပ်- U.K

I agree with Time Magazine. Because WiraThu and many of Buddhist Monks always talk about Muslim hate speeches. The Buddha himself never taught hatred speeches to other religions. That is why Wirathu and some Anti Muslim Monks are really big Terror and their faces also same like killer. That is why the name of all Buddhist monks and Buddhist religion very spoiled all over the world because of Wirathu and anti Muslim Monks. I recommend to Time magazine. 'The Face of Buddha Terror is absolutely right.


Jul 19, 2013 11:58 AM

(

TO all people all over the world , let me request u all. If anybody wants to write about Buddhism , pls study about Buddhism deeply and then just write it with a real spirit.

Jun 30, 2013 12:42 PM

ဆရာတော်သမာဓိ

နေရပ်- နေပြည်တော်

ခရိုနီဘုန်းကြီးတစ်ပါးရဲ့ အမှားကိုဖုံးဖိပေးဖို့ ခရိုနီအုပ်စုမှာတာဝန်ရှိ
တယ်။ အခုလိုခရိုနီတွေတာဝန်သိတဲ့ အတွက်ကျေးဇူးတင်ပါတယ်
သာသနာကိုနိုင်ငံရေးအတွက် အသုံးချရင် အခုလိုတိုင်းပြည်နှင့်သာ
သနာ နာမည်ပျက်တတ်သည်ကို ခရိုနီများ၊ခရိုနီဘုန်းကြီးများ၊ ခရိုနီ
နောက်လိုက်များ သံဝေဂရသင့်သည်၊ သင့်ကြောင့်ဗုဒ္ဓသာသနာရောင်
ဝါမညှိးနွမ်းပါစေနှင့်၊ သံဃာတိုင်းသည် သံဃာ့ဝိနည်းနှင့်အညီနေပါက
ထိုကဲ့သို့ ကမ္ဘာမှာဗုဒ္ဓသာသနာသည် အကြမ်းဖက်သမားဟုအထင်
ခံရမည်မဟုတ်၊ မိမိသံဃာတစ်ပါးတည်းကြောင့် သာသနာကိုထိခိုက်အောင်
မလုပ်န့ဲလို့ ဆရာတော် မှာချင်တယ် ။

Jun 29, 2013 06:49 PM

စစ်မှန်တဲ့ ခရစ်ယာန်

ဘယ်ဘာသာမဆို လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိသင့်သလို တစ်ဦးနဲ.တစ်ဦးလေးစားစွာ ဆက်ဆံ သင့်ပါသည်။ ဘယ်ဘာသာဝင်ကတော့ဖြင်. ဘယ်ဘာသာဝင် တွေကိုချိုးနှိမ်တယ်၊ မိမိ ခရစ်ယာန်ဖြစ်တယ်ဆိုပြီး ခရစ်ယာန်ဘာသာဝင်တွေနဲ. ဗုဒ္ဒဘာသာဝင်တွေ နဲ.လည်း ရန်တိုက်မပေးသင့်ပါ။ စစ်မှန်တဲ့ ခရစ်ယာန်တွေရှိ သလို ရန်ဖြစ်ချင်ကြတဲ့ အမည်ခံ ခရစ်ယာန်မဟုတ်သော( ခရစ်ယာန်နာမည်ကိုအလွှဲသုံးစားလုပ်သော) ခရစ် (ရမ်း) များကို ရှောင်ပါ။ မှတ်ချက်စာရေးမယ်ဆိုရင် နောက်နောင် ဂရုစိုက်ပါ၊ စစ်မှန်တဲ့ခရစ်တော်ရဲ.မေတ္တာအားဖြင့်ပြောပါရစေ။

Jun 26, 2013 09:37 PM

Violet

In my view, the Time reporter is trying to use our pure Buddhism for her career development. She's famous now. That's all she wants. She doesn't observe thoroughly what real Buddhism is about. She cannot interview only one monk to make the judgement for the whole Buddhism. This is not right work. If she really want to write the truth, she has to meet high level Sangars before making the report. She is not honest and just to make more upset among different religious people and our national security. All people with different religions have been living together for long time. Why problems since we change to democracy?

Jun 26, 2013 10:01 AM

CHINDITS

Are you dreaming? Is your government and Army carrying out the same belief like you do? Practice what you preach. There are more descrimination going on that what you can cover up with your mouth.

Jun 28, 2013 01:32 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့