ဟားခါးမှာ မိုင်းနင်းမိလို့ အမျိုးသမီးတစ်ဦး ဒဏ်ရာအပြင်းအထန်ရ
RFA Burmese
2023.03.02
2023.03.02
ချင်းပြည်နယ်၊ ဟားခါးမြို့၊ မြို့သစ်ရပ်ကွက် လွတ်လပ်ရေး ကျောက်တိုင်အနီးမှာ မတ်လ ၁ ရက်နေ့ မနေ့ ညနေပိုင်းက မြေမြှုပ်မိုင်းနင်းမိလို့ အမျိုးသမီးတစ်ဦး ဒဏ်ရာအပြင်းအထန် ရသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
မိုင်းနင်းမိသူဟာ အသက် ၃၄ နှစ်အရွယ် မလှောန်ဘူ (slawm Bu) ဖြစ်ပြီး ခြံစိုက်ခင်းကို သူ့အစ်မနှစ်ဦးနဲ့ အသွားမှာ မြေမြှုပ်မိုင်းနင်းမိတာကြောင့် ဘယ်ခြေထောက် ဒူးအောက်ကနေ ဖြတ်လိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ သူ့ကို ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“သူတို့က ခြံစိုက်ခင်းကို သွားတာ။ လွတ်လပ်ရေးကျောက်တိုင် အောက်ဖက်နားမှာ မိုင်းနင်းမိတာ။ သူနဲ့အတူလာတဲ့ အမျိုးသမီးနှစ်ယောက်က တစ်ယောက်က နည်းနည်းပဲ ထိတယ်။ သူပဲ ဒူးအောက်ကနေ ခြေတစ်ဖက် ဖြတ်လိုက်ရတာ”
ဒီကိစ္စနဲ့ပတ်သက်ပြီး ချင်းပြည်နယ်ရဲ့ စစ်ကောင်စီပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်းမရှိသလို စစ်ကောင်စီကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာမရှိသေးပါဘူး။
အခုနင်းမိတဲ့မိုင်းဟာ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းက ထောင်ထားတဲ့ မိုင်းလဲဆိုတာကို အတိအကျ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ကလည်း ဟားခါးမြို့အနီး ဟားခါး -ဂန့်ဂေါလမ်းမှာ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦး ထင်းရှာရင်း မြေမြှုပ်မိုင်းနင်းမိလို့ ခြေထောက်တစ်ဖက် ဖြတ်လိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၈ နေ့က ဖလမ်းမြို့နယ်၊ စတောမ်ကျေးရွာမှာ အသက် ၂၆ နှစ်အရွယ် မလာရ်တန်ဗွီးဟာ မြေမြှုပ်မိုင်းနင်းမိတာကြောင့် ညာဘက်ခြေထောက် ဖြတ်လိုက်ရပါတယ်။
အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်မှာ မြေမြှုမိုင်းကြောင့် သေဆုံးထိခိုက်ဒဏ်ရာရသူ စုစုပေါင်း ၂၀ ကျော်ရှိနေပြီလို့ ချင်းလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။
RFA က ပြုစုထားတဲ့စာရင်းအရ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လကနေ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ လကုန်အထိ လက်နက်ကြီး၊ မြေမြှုပ်မိုင်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံ ၂၁၈ ဦးသေဆုံးခဲ့ပြီး ၅၉၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။