ပုလဲမြို့နယ် နှောရိုးရွာ မီးလောင်ပြင်မြင်ကွင်း

2022.03.12
Hnaw-Yoe-Pale-Sagaing_Before_12-10-2019.jpg Hnaw Yoe-Pale-Sagaing_After_3-12--2022.jpg

(ဝဲ)၂၀၁၉ ခုနှစ်က ရိုက်ကူးသည့် ဂြိုဟ်တုဓာတ်ပုံတွင် ပုလဲမြို့နယ် နှောရိုးကျေးရွာကို တွေ့ရပုံ။ (Google Earth)
(ယာ) မီးရှို့ခံရပြီးနောက် ၂၀၂၂ ခုနှစ် မတ်လ ၁၂ ရက်နေ့က ရိုက်ကူးသည့် ဂြိုဟ်တုဓာတ်ပုံတွင်တွေ့ရပုံ။ (Planet Lab)

၂၀၂၂ ခုနှစ် မတ်လ ၁၀ ရက်ညပိုင်းက မီးရှို့ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်၊ နှောရိုးကျေးရွာ မီးလောင်ပြင်ကို ဂြိုဟ်တုကရိုက်ကူးထားတဲ့ ဓာတ်ပုံတွေမှာ အထင်အရှား တွေ့ရပါတယ်။

မတ်လ ၁၀ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင် အင်အား ၁၂၀ လောက် ရွာကိုဝင်ရောက်လာပြီးနောက် ညပိုင်းမှာ မီးရှို့ခံခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။

နှောရိုးကျေးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေ မရှိပေမယ့်၊ ပျူစောထီးအဖွဲ့ဝင်တွေကြီးစိုးတဲ့ ဇီးဖြူကုန်းရွာမှာ မနေချင်တော့လို့ ပြောင်းရွှေ့လာတဲ့ရွာသားတချို့ကို လက်ခံထားတဲ့အပေါ် မကျေနပ်တဲ့အတွက် မီးရှို့တာလို့ ဒေသခံတွေက ယူဆနေကြပါတယ်။

ပြီးခဲ့တဲ့လတွေကလည်း ပုလဲမြို့နယ်အတွင်းက ပန်းရွာ၊ လှော်ကားကြီးရွာ၊ ကိုင်းတွင်းရွာ၊ ဇီးဖြူကုန်းရွာ၊ ချောင်းဦး ရွာတွေကို စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေ ဝင်ရောက်လာပြီးနောက် နေအိမ်တွေ မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံရေး၊ စစ်ရေးနဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို သုတေသနပြုနေတဲ့ Data for Myanmar အဖွဲ့ရဲ့စာရင်းတွေအရ စစ်တပ် အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် မတ်လ ၇ ရက်နေ့အထိ နိုင်ငံတစ်ဝန်းမှာ နေအိမ်အလုံးပေါင်း ၆၇ဝဝ ကျော် မီးရှို့ခံခဲ့ရပြီး အဲဒီထဲမှာ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2022-03-13 09:56

မြန်မာနိုင်ငံ တော်တော် တိုးတက်နေပါပီ မီး ရှို့ တာ