မြန်မာနယ်စပ်မှာ စောင့်ကြည့်ရေးလုပ်ငန်းတွေ တိုးမြှင့်ဆောင်ရွက်နေကြောင်း အိန္ဒိယပြော

RFA Burmese
2025.01.13
မြန်မာနယ်စပ်မှာ စောင့်ကြည့်ရေးလုပ်ငန်းတွေ တိုးမြှင့်ဆောင်ရွက်နေကြောင်း အိန္ဒိယပြော အိန္ဒိယနယ်စပ်လုံခြုံရေး တပ်ဖွဲ့ဝင်တစ်ဦးအား ၂ဝ၁၆ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့က နယ်စပ်တစ်နေရာတွင် တွေ့ရစဉ်။
Photo: AFP

အိန္ဒိယ-မြန်မာနယ်စပ်ကို နယ်စပ်ခြံစည်းရိုးကာရံတာတွေနဲ့ စောင့်ကြည့်ရေးလုပ်ငန်းတွေ တိုးမြှင့်ဆောင်ရွက်နေကြောင်း အိန္ဒိယတပ်မ‌တော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Upendra Dwivedi က ဇန်နဝါရီ ၁၃ ရက်နေ့က ပြောလိုက်ပါတယ်။

မြန်မာနယ်စပ်က အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ ဆက်လက်ရှိနေပေမဲ့ လုံခြုရေးတပ်ဖွဲ့ဝင်တွေက ငြိမ်းချမ်းရေးရရှိအောင် လုပ်ဆောင်‌နေကြောင်းလည်း အိန္ဒိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောပါတယ်။

အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ၂၀၂၃-၂၀၂၄ နှစ်ချုပ် အစီရင်ခံစာအရ အိန္ဒိယ-မြန်မာနယ်စပ်ခြံစည်းရိုး တည်ဆောက်ရေးစီးမံကိန်း ခြောက်မိုင်နီးပါးပြီးမြောက်နေပြီလို့ အိန္ဒိယ သတင်းတွေမှာ ဇန်နဝါရီ ၂ ရက်နေ့က ဖော်ပြပါတယ်။

အိန္ဒိယ- မြန်မာ နယ်နိမိတ်ဟာ မိုင်တစ်ထောင်ကျော် ရှည်လျားပြီး မဏိပူရ်ပြည်နယ်နဲ့ ၂၄၇ မိုင် ထိစပ်နေပါတယ်။ မဏိပူရ်အစိုးရဟာ လုံခြုံရေး အကြောင်းပြချက်နဲ့ နယ်စပ်စည်းရိုးခတ်ဖို့ အိန္ဒိယဗဟိုအစိုးရကို တိုက်တွန်းထားတာလို ဆိုပါတယ်။

မြန်မာနဲ့ ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်လေးခုထဲက မဏိပူရ်နဲ့ အာရန်နာချယ်ပြည်နယ်တွေက ခြံစည်းရိုးခတ်မှာကို ထောက်ခံကြပြီး ကျန်တဲ့ နာဂလန်းနဲ့ မီဇိုရမ်ပြည်နယ်တွေကတော့ ခြံစည်းရိုးခတ်မှာကို ကန့်ကွက်ထားကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။