ဂန့်​ဂေါတစ်နယ်လုံး ဖုန်းနဲ့အင်တာနက်လိုင်း ဖြတ်​တောက်ခံထားရ

2022.07.21
Share on WhatsApp
Share on WhatsApp
ဂန့်​ဂေါတစ်နယ်လုံး ဖုန်းနဲ့အင်တာနက်လိုင်း ဖြတ်​တောက်ခံထားရ အင်တာနက်ဖုန်းလိုင်းတွေ မြန်နှုန်းအလျှော့ခံထားရသည့်ကြားက အင်တာနက်အသုံးပြုရန် ကြိုးစားနေသည့် နေပြည်တော်ဒေသခံတစ်ဦး ။
File Photo - AFP

မ​ကွေးတိုင်း၊ ဂန့်​ဂေါမြို့နယ်ကို စစ်​ကောင်စီက ဇူလိုင်လ ၁၉ ရက်​နေ့​ကစပြီး ဇူလိုင်လ ၂၁ ရက်နေ့ ဒီနေ့အချိန်အထိ ဖုန်းနဲ့ အင်တာနက်လိုင်း​တွေ ဖြတ်​တောက်ထားတယ်လို့ ​ဒေသခံ​တွေက RFA ကို ​ပြောပါတယ်။

စစ်​ကောင်စီတပ်နဲ့ ​ဒေသကာကွယ်​ရေးတပ်​ PDF တွေကြား တိုက်ပွဲ​တွေ မကြာခဏ ဖြစ်​နေတဲ့ ဂန့်​ဂေါမြို့နယ်မှာ ပြီးခဲ့တဲ့လ​တွေက ဖုန်းနဲ့ အင်တာနက်လိုင်း​တွေကို လိုင်းဆွဲအား ​လျှော့ချတာမျိုး​တွေ ရှိခဲ့​ပေမယ့် အခုလို ဖြတ်​တောက်ထားတာမျိုး မရှိဘူးလို့ ​ပြောပါတယ်။

လက်ရှိအချိန်မှာ ဂန့်​ဂေါတစ်နယ်လုံး ဖုန်းလိုင်းဖြတ်​တောက်ထားပြီး စစ်​ကောင်စီက ရဟတ်ယာဉ်​တွေနဲ့ ​ဗုံးကြဲ​နေတယ်လို့ ​ဒေသခံ တစ်ဦးက ​ပြောပါတယ်။

"အခု​လော​လောဆယ် ကျ​နော်တို့ဘက်မှာ ဖုန်းလိုင်း​ရော အင်တာနက်လိုင်း​ရော လုံးလုံးဖြတ်ထားတယ်ဗျ။ ဒါပြီး တိုက်​လေယာဉ်​တွေနဲ့ ဗုံးကြဲတယ်လို့ သတင်းကြားတယ်ဗျ။ ဖုန်းနဲ့ အင်တာနက်လိုင်းကို ဂန့်​ဂေါတစ်နယ်လုံးကို လုံးလုံးပိတ်ထားတာ မြို့​ပေါ်​ရော ဘယ်​နားမှ မရဘူးဗျ။ ကျ​နော်​တောင် ချင်းပြည်နယ်အစပ် လိုင်းမိတဲ့​နေရာ​ ​​ရောက်​နေလို့ရတာ"

လက်ရှိအချိန်မှာတော့ ဂန့်​ဂေါမြို့​နယ်အတွင်း PDF နဲ့ တိုက်ပွဲ​ဖြစ်တာ မရှိ​ပေမယ့် မြို့ရဲ့ ၈ မိုင် ပတ်ဝန်းကျင်ကို စစ်​ကောင်စီတပ်က ရဟတ်ယာဉ်​တွေ အသုံးပြုပြီး ဗုံး​တွေချနေတဲ့ သတင်း​တွေ ကြား​နေရတယ်လို့ ​ပြောပါတယ်။ ဒီဒေသကို ဖုန်းလိုင်းဆက်သွယ်လို့မရလို့ RFA က စုံစမ်းလို့ မရသေးပါဘူး။

ဇူလိုင် ၁၉ ရက်နဲ့ ၂၀ ရက်​တွေက ဂန့်​ဂေါမြို့ အ​နောက်ဘက်၊ မြစ်သာမြစ် အ​နောက်ဘက်ခြမ်း၊ ဟားခါးလမ်းခွဲနဲ့ မြစ်သာတမံ အနီးပတ်ဝန်းကျင်​တွေကို စစ်​ကောင်စီတပ်က တိုက်​လေယာဉ်နဲ့ ဗုံး​ကြဲချခဲ့တယ်လို့ ​​ဒေသခံအချို့က ​ပြောဆို​နေကြ​ပေမယ့် ဖုန်းလိုင်း​တွေ ဆက်သွယ်လို့ မရ​သေးတာ​ကြောင့် RFA အ​နေနဲ့ သီးခြား အတည်မပြုနိုင်​သေးပါဘူး။

ဖုန်းနဲ့ အင်တာနက်လိုင်း ဖြတ်တောက်ထားတာနဲ့ ပတ်သက်လို့ RFA က စစ်​ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်​ဇော်မင်းထွန်းကို မေးမြန်းဖို့ ဆက်သွယ်နေဆဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။