ရန်ကုန်မှာ ဆောက်မယ့် AEON ကုန်တိုက်စီမံကိန်း ဆိုင်းငံ့

2021.05.19
ရန်ကုန်မှာ ဆောက်မယ့် AEON ကုန်တိုက်စီမံကိန်း ဆိုင်းငံ့ ဂျပန်နိုင်ငံက AEON ကုန်တိုက်တခုကို တွေ့ရစဉ်။
Photo: AFP

မြန်မာနိုင်ငံမှာ နိုင်ငံရေးပြဿနာတွေ ပြင်းထန်နေလို့ ဂျပန်နိုင်ငံအခြေစိုက် AEON ကုမ္ပဏီက ရန်ကုန်မှာ ဆောက်လုပ်မယ့် ကုန်တိုက်တည်ဆောက်ရေးလုပ်ငန်းကို ဆိုင်းငံ့ဖို့ ဆုံးဖြတ်လိုက်တဲ့အကြောင်း ဂျပန်နိုင်ငံပိုင် NHK သတင်းမှာ မနေ့ကဖော်ပြထားပါတယ်။

ရန်ကုန်မြို့ ဆင်ခြေဖုံးမှာ မြန်မာပြည်တွင်း လုပ်ငန်းတခုနဲ့ပူးတွဲပြီး တည်ဆောက်မယ့် AEON ကုန်တိုက်တည်ဆောက်ရေးဟာ ဒီနှစ် နွေရာသီမှာ စတင်ဖို့စီစဉ်ခဲ့ပေမယ့် မြန်မာ့နိုင်ငံရေးအခြေအနေတွေ တင်းမာနေလို့ ရွှေ့ဆိုင်းလိုက်တာပါ။

ကုန်တိုက်ဆောက်လုပ်ရေးကို ဘယ်တော့ပြန်စမလဲဆိုတာကို မဆုံးဖြတ်ရသေးသလို စီမံကိန်းကို ဖျက်သိမ်းဖို့လည်း အစီအစဉ်မရှိဘူးလို့ AEON ကုမ္ပဏီက ဆိုပါတယ်။ ကုန်တိုက်တည်ဆောက်ရေး စီမံကိန်းမှာပါဝင်တဲ့ ဂျပန်ဝန်ထမ်း၂ယောက်ကိုလည်း ဂျပန်ကို ပြန်ခေါ်ထားလိုက်ပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။