စစ်ကောင်စီကို တွန်းအားပေးဖို့ အင်ဒိုနီးရှားနဲ့ စင်ကာပူ သဘောတူ

RFA Burmese
2024.11.06
စစ်ကောင်စီကို တွန်းအားပေးဖို့ အင်ဒိုနီးရှားနဲ့ စင်ကာပူ သဘောတူ အင်ဒိုနီးရှားသမ္မတ Prabowo Subianto (ယာ) နှင့် စင်ကာပူဝန်ကြီးချုပ် Lawrence Wong (ဝဲ) တို့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ သမ္မတအိမ်တော်တွင် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့က တွေ့ဆုံစဉ်။
AFP

မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို အကောင်ထည်ဖော်ရေး စစ်ကောင်စီကို တွန်းအားပေးဖို့ အင်ဒိုနီးရှားနဲ့ စင်ကာပူ ခေါင်းဆောင်တွေ သဘောတူခဲ့ကြတယ်လို့ ဂျကာတာကလာတဲ့ သတင်းတစ်ပုဒ်က ဖော်ပြပါတယ်။

အင်ဒိုနီးရှားသမ္မတ Prabowo Subianto နဲ့ စင်ကာပူဝန်ကြီးချုပ် Lawrence Wong တို့ နိုဝင်ဘာလ ၆ ရက် မနက်ပိုင်းက ဂျကာတာက သမ္မတနန်းတော်မှာ တွေ့ဆုံပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာပါ။

အထူးသဖြင့် အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးကတဆင့် မြန်မာ့အရေး အဖြေရှာဖို့နဲ့ မြန်မာနိုင်ငံကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးပို့နိုင်ရေးဆိုင်ရာ သဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ သေချာအောင် တိုက်တွန်းသွားမယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံက အကျပ်အတည်းတွေကို ဖြေရှင်းဖို့အတွက် အာဆီယံခေါင်းဆောင်တွေက အချက် ၅ ချက်ပါ ဘုံသဘောတူညီချက် ချမှတ်ခဲ့ပါတယ်။

အဲဒီထဲမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့၊ သက်ဆိုင်သူတွေ တွေ့ဆုံဆွေးနွေးရေး၊ ဆွေးနွေးပွဲတွေကို ပံ့ပိုးကူညီဖို့ အာဆီယံ အထူးသံတမန်တစ်ဦး ခန့်အပ်ရေး၊ အာဆီယံကတစ်ဆင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးအပ်ရေးနဲ့ အာဆီယံ အထူးသံတမန် မြန်မာပြည်ကိုလာပြီး သက်ဆိုင်တဲ့အဖွဲ့အားလုံးနဲ့ တွေ့ဆုံရေးတို့ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။