KBC ကျမ်းစာသင်ကျောင်းထဲ လက်နက်ကြီးကျ၊ လေးယောက်ဒဏ်ရာရ

2022.11.03
KBC ကျမ်းစာသင်ကျောင်းထဲ လက်နက်ကြီးကျ၊ လေးယောက်ဒဏ်ရာရ ကွတ်ခိုင်မြို့ရှိ ကချင်နှစ်ချင်းခရစ်ယာန်အသင်းချုပ် (KBC) ကျမ်းစာသင် ကောလိပ်ကျောင်း။
Photo: KBC

ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့မှာရှိတဲ့ ကချင်နှစ်ချင်းခရစ်ယာန်အသင်းချုပ် (KBC)ရဲ့ ကျမ်းစာသင် ကောလိပ်ကျောင်းထဲကို ဒီကနေ့ည ၈ နာရီခွဲမှာ စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ KBC က သတင်းထုတ်ပြန်ပါတယ်။

တိုက်ခိုက်မှုကြောင့် ကျမ်းစာသင်နေတဲ့ ကျောင်းသားလေးဦး ဒဏ်ရာ ရသွားကြတယ်လို့ ဆိုပါတယ်။

အဲဒီဒေသမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီက ရမ်းသမ်းပစ်ခတ်နေတာလို့ ကချင်ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။

ကောလိပ်ကျောင်း တိုက်ခိုက်ခံရပြီးနောက် ဒီနေ့ညအချိန်ထိ ဆက်တိုက်ပစ်ခတ်တာတွေရှိနေတယ်လို့လည်း ဆိုပါတယ်။ဒေသခံတွေ ဂရုတစိုက်နေကြဖို့လည်း KBC က ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်တွေဟာ ခရစ်ယာန်ဘုရားကျောင်း ၅၅ ကျောင်း၊ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း ၃၂ ကျောင်းနဲ့ အစ္စလာမ်ဗလီကျောင်း ၅ ကျောင်း စုစုပေါင်း ၉၂ ကျောင်းကို ဖျက်ဆီးခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များ ကော်မရှင်(ICJ) ရဲ့ အောက်တိုဘာလကုန်ပိုင်းထုတ် အစီရင်ခံစာမှာ ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။