ကရင်ပြည်နယ်တွင်း တိုက်ပွဲတွေကြောင့် အမျိုးသမီး၊ ကလေးနဲ့ အသက်ကြီးသူတွေ အပါအဝင် ဒုက္ခသည် ၁၁၀ ခန့် မတ်လ ၂၃ ရက်နေ့က ထိုင်းနိုင်ငံ Tak ခရိုင်ဘက် ထွက်ပြေးလာခဲ့ကြောင်း ထိုင်း Khasod သတင်းက ဖော်ပြပါတယ်။
မတ်လ ၂၂ ရက်နေ့ကစပြီး KNLA ပူးပေါင်းတပ်တွေက လှိုင်းဘွဲ့မြို့နယ်က စစ်ကောင်စီ ခလယ်ဒေး တပ်စခန်းကို စတင်တိုက်ခိုက်ခဲ့တဲ့နောက် တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး ဒေသခံတွေ ထွက်ပြေးခဲ့ကြတာလို့ ဆိုပါတယ်။
ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို လုံခြုံရေးနဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးဖို့အတွက် Ranger Task Force နဲ့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေကို အဲဒီနေရာမှာ ဖြန့်ကျက်ချထားတယ်လို့လည်း သတင်းက ဆိုပါတယ်။