ကရင်ဒေသတိုက်ပွဲကြောင့် ဒုက္ခသည်လေးထောင်ကျော် ထိုင်းကိုရောက်

2021.12.22
Share on WhatsApp
Share on WhatsApp
ကရင်ဒေသတိုက်ပွဲကြောင့် ဒုက္ခသည်လေးထောင်ကျော် ထိုင်းကိုရောက် စစ်ကောင်စီနှင့် ကရင်လက်နက်ကိုင်တပ်အကြား တိုက်ပွဲကြောင့် ထွက်ပြေးလာသူများကို ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် မယ်တော်ကျေးရွာတွင် ၂၀၂၁ ဒီဇင်ဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်။
Photo: Citizen Journalist

ကရင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့အပတ် ကြာသပတေးနေ့ကစလို့ ထိုင်းနိုင်ငံအတွင်း ခိုလှုံလာတဲ့ မြန်မာနိုင်ငံသား ၄၄ဝဝ ကျော် ရှိနေတယ်လို့ ထိုင်းစစ်တပ်က မနေ့က ပြောတဲ့အကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ မြန်မာစစ်တပ်တို့ရဲ့တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ထဲကို ထွက်ပြေးခိုလှုံလာတဲ့ ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှု အကူအညီတွေနဲ့ ယာယီနေထိုင်ဖို့ ထိုင်းအာဏာပိုင်တွေက စီစဉ်ပေးထားတယ်လို့ ဆိုပါတယ်။

ကရင်ပြည်နယ် လေးကေ့ကော်မြို့မှာ NLD ပါတီဝင်တွေအပါအဝင် စစ်ကောင်စီဆန့်ကျင်သူတွေကို မြန်မာစစ်တပ်က ပြီးခဲ့တဲ့အပတ် အင်္ဂါနေ့တုန်းက ဝင်ရောက်ဖမ်းဆီးခဲ့ပြီးနောက်ပိုင်း မြန်မာစစ်ကောင်စီတပ်နဲ့ ကရင်တပ်တွေအကြား တိုက်ပွဲတွေဖြစ်ခဲ့ကြပြီး ဒုက္ခသည်တွေလည်း ထိုင်းနိုင်ငံအတွင်း ခိုလှုံလာခဲ့ကြတာလို့ ဘန်ကောက်ပို့စ်သတင်းမှာ မနေ့ကဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့