ဇေကမ္ဘာ ဦးခင်ရွှေ အင်းစိန်ထောင်က ပြန်လွတ်လာ

RFA Burmese
2024.09.29
ဇေကမ္ဘာ ဦးခင်ရွှေ အင်းစိန်ထောင်က ပြန်လွတ်လာ ဇေကမ္ဘာကုမ္ပဏီ ဥက္ကဋ္ဌ ဦးခင်ရွှေအား ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလက တွေ့ရစဉ်။
Photo: RFA

စစ်ကောင်စီက ဖမ်းဆီးအကျဉ်းချထားတဲ့ နာမည်ကျော် စီးပွားရေးလုပ်ငန်းရှင် ဇေကမ္ဘာကုမ္ပဏီ ဥက္ကဋ္ဌ ဦးခင်ရွှေဟာ စက်တင်ဘာလ ၂၈ ရက်နေ့မှာ အင်းစိန်ထောင်က ပြန်လွတ်လာပြီလို့ မိသားစုနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

ဦးခင်ရွှေနဲ့ သူ့ရဲ့ သားဖြစ်သူ ဦးဇေသီဟတို့ကို စစ်ကောင်စီက ၂၀၂၂ ခုနှစ် မတ်လအတွင်းမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး ရှေးဟောင်း အဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ ပုဒ်မ - ၂၄ နဲ့ စစ်ကောင်စီက အရေးယူခဲ့တာပါ။

ဦးခင်ရွှေဟာ အကျဉ်းကျနေစဉ်အတွင်း ထောင်ဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ပြီး သူရဲ့ကျန်းမာရေးအခြေအနေတွေကြောင့် ပြန်လွှတ်ပေးလိုက်တာ ဖြစ်နိုင်တယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

"လွတ်လာတာ ဟုတ်ပါတယ်။ မနေ့က လွတ်လာတာပါ။ ကျန်းမာရေးကြောင့် လွှတ်ပေးလိုက်တာလည်း ပါမယ်ထင်တယ်။ သားဖြစ်တဲ့ ဦးဇေသီဟတော့ လွတ်တာ မကြားသေးဘူး"

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာန ပြောခွင့်ရသူ ဒုတိယညွှန်ကြားရေးမှူးချုပ်ရုံးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ဇေကမ္ဘာ ဦးခင်ရွှေကို စတင်ဖမ်းဆီးခံရစဉ်က စစ်ကောင်စီက အမှုဆင် ဖမ်းဆီးတာလို့ ဝေဖန်မှုတွေရှိခဲ့ပြီး စစ်ကောင်စီကတော့ ခွင့်ပြုချက်မရဘဲ ရှေးဟောင်းအဆောက်အအုံတချို့ကို ဖြိုချခဲ့လို့ ဥပဒေအရ အရေးယူခဲ့တာလို့ ထုတ်ပြန်ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။