ဒီမိုကရေစီရဖို့ ဒို့တာဝန်အရေးသုံးပါး လက်ကိုင်ထားရမယ်လို့ စစ်ခေါင်းဆောင်ပြော

2021-02-11
Share
ဒီမိုကရေစီရဖို့ ဒို့တာဝန်အရေးသုံးပါး လက်ကိုင်ထားရမယ်လို့ စစ်ခေါင်းဆောင်ပြော အာဏာသိမ်း စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို တွေ့ရစဉ်
Photo: RFA

ဒီမိုကရေစီရဖို့ ဒို့တာဝန်အရေးသုံးပါးကို လက်ကိုင်ထားပြီး တပ်မတော်နဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ တိုင်းရင်း သားအဖွဲ့တွေကို အာဏာသိမ်း စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။

ဒီနေ့ကျရောက်တဲ့ ပြည်ထောင်စုနေ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းပြောလိုက်တာပါ။

ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲ ရေးဟာ ဒီမိုကရေစီဖော်ဆောင်ရေးအတွက် အရေးကြီးတဲ့ လုပ်ငန်းဖြစ်တယ်လို့ သူက ဆိုပါတယ်။

NLD အစိုးရလက်ထက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ လုပ်ဆောင် ခဲ့စဉ်ကလည်း တပ်မတော်ဟာ ဒို့တာဝန်အရေးသုံးပါးကို လက်ကိုင်ထားဆွေးနွေးခဲ့တာကြောင့် ဆွေးနွေးမှုတွေ မပြေလည်ခဲ့ပါဘူး။

တိုင်းရင်းသားတွေက ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ ပြည်နယ်တွေမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ သယံဇာတခွဲဝေခွင့်တွေကို လိုလားနေကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့