မလေးရှားကို တရားမဝင် လာရောက်တဲ့ မြန်မာသုံးဆယ်ကျော် ဖမ်းဆီးခံရ

RFA Burmese
2025.01.14
မလေးရှားကို တရားမဝင် လာရောက်တဲ့ မြန်မာသုံးဆယ်ကျော် ဖမ်းဆီးခံရ မလေးရှားကို တရားမဝင် ဝင်လာပြီး ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့က တွေ့ရစဉ်။
TDM Photo

မလေးရှားနိုင်ငံကို တရားမဝင် လမ်းကြောင်းကနေ ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၃၁ ဦးကို မလေးရှားစစ်တပ်က ဇန်နဝါရီလ ၁၃ ရက်နေ့ မနက်ပိုင်းမှာ ထိုင်း-မလေးရှား နယ်စပ်အနီး ဖမ်းဆီးခဲ့တယ်လို့ မလေးရှားအခြေစိုက် သတင်းဌာနတွေမှာ ဖော်ပြပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ ကလေး သုံးဦး၊ အမျိုးသမီး ၁၄ ဦးနဲ့ အမျိုးသား ၁၄ ဦး ပါဝင်ပြီး လက်ရှိမှာ သူတို့ ဘူကစ်ကဘုဟမ်တမ်မြို့ (Bukit Kayu Hitam) က ရဲစခန်းကို လွှဲပြောင်းထားတယ်လို့ ဆိုပါတယ်။

မလေးရှားနိုင်ငံမှာ ဖမ်းဆီးမှုတွေ နေ့စဉ်ရှိနေတာကြောင့် သတိထား နေထိုင်နေရတယ်လို့ မလေးရှားရောက် မြန်မာနိုင်ငံသားတစ်ဦးက ပြောပါတယ်။

“ဖမ်းတာက နေ့တိုင်းကြားနေရတယ်။ နေရာတိုင်းလိုလိုမှာ ဖမ်းတယ်။ ဖမ်းဆီးခံရတဲ့သူတွေကို မြန်မာကို ပြန်ပို့ခံရတာတွေလည်းရှိတယ်။ ဖမ်းဆီးတာများတော့ အပြင်တွေ သိပ်မထွက်ဘဲ အချိန်ပြည့် သတိထားပြီး နေနေရတယ်။ အောက်လမ်းက လာတဲ့လမ်းမှာလည်း အခုနောက်ပိုင်း ဖမ်းဆီးခံရတာတွေ ခဏခဏကြားနေရတာ”

ဇန်နဝါရီလ ၉ ရက်နေ့ကလည်း ထိုင်းနိုင်ငံကနေ တရားမဝင် လာရောက်တဲ့ မြန်မာနိုင်ငံသား ၁၂ ဦးကို မလေးရှားအဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

မလေးရှားနိုင်ငံမှာ ဖမ်းဆီးခံရပြီးနောက် ပြစ်ဒဏ်ကျခံပြီဖြစ်တဲ့ မြန်မာနိုင်ငံသား ၁၀၂ ဦးကိုလည်း မြန်မာနိုင်ကို ပြန်လည်ပို့ဆောင်ခဲ့တယ်လို့ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက ဇန်နဝါရီလ ၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မလေးရှားရုံးရဲ့ ၂ဝ၂၄ ခုနှစ် နိုဝင်ဘာလအထိ စာရင်းတွေအရ မလေးရှားနိုင်ငံကတစ်ဆင့် နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူ မြန်မာနိုင်ငံသား ၁၈၀၀၀၀ နီးပါး ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။