မလေးရှားလုပ်ငန်းရှင်ချီးမြှင့်တဲ့ ကားလက်ဆောင် မြန်မာအလုပ်သမားရရှိ

RFA Burmese
2024.11.13
မလေးရှားလုပ်ငန်းရှင်ချီးမြှင့်တဲ့ ကားလက်ဆောင် မြန်မာအလုပ်သမားရရှိ ၂ဝ၂၂ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့က တွေ့မြင်ရသည့် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ မြင်ကွင်း။
Photo: AFP

မလေးရှားလုပ်ငန်းရှင်တစ်ဦးက သူ့ရဲ့စားသောက်ဆိုင်နဲ့ ကာရာအိုကေလုပ်ငန်း အောင်မြင်မှုအတွက် ဝန်ထမ်းတွေကို ရင်းဂစ်ငွေ သုံးသန်းတစ်သိန်း တန်ဖိုးရှိ မော်တော်ကားတွေ လက်ဆောင် ပေးအပ်တဲ့ထဲမှာ မြန်မာနဲ့ နီပေါနိုင်ငံသားတွေလည်း ပါဝင်တယ်လို့ မလေးရှားသတင်းတစ်ပုဒ်က ဖော်ပြပါတယ်။

အလုပ်ကြိုးစားတဲ့ ဝန်ထမ်းတွေကို နှစ်စဉ်ဆုချီးမြှင့်ရာမှာ ဒီနှစ်မှာ BMW၊ Audi၊ Toyota၊ Hondaနဲ့ Proton လို တန်ဖိုးကြီးကားတွေကို ဝန်ထမ်း ၃၁ ဦးကို ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၁၁ ရက်နေ့က အခမ်းအနားမှာ လုပ်သက်ရင့် အလုပ်သမား လေးဦးကို စုစုပေါင်း ရင်းဂစ် တစ်သန်းရှစ်သိန်းတန်ဖိုးရှိတဲ့ BMW 6 series ကားတွေ ပေးအပ်ခဲ့တယ်လို့ လုပ်ငန်းရှင်က ပြောပါတယ်။ မြန်မာနဲ့ နီပေါက နိုင်ငံခြားသားအလုပ်သမားတွေကိုလည်း ကားနဲ့အတူ ယာဉ်မောင်းလိုင်စင်နဲ့ တခြားဆက်စပ်ကုန်ကျစရိတ်တွေ ပေးခဲ့တယ်လို့ ဆိုပါတယ်။

သူ့ရဲ့ စားသောက်ဆိုင်နဲ့ ကာရာအိုကေဆိုင်တွေဟာ Klang Valley နဲ့ Johor မှာ ဆိုင်ခွဲများစွာဖွင့်ထားပြီး စားသုံးသူတွေကြား အလွန်ရေပန်းစားတယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။