မဏိပူကို တရားမဝင်ရောက်နေတဲ့ မြန်မာနိုင်ငံသား ၂၆ ဦး ပြည်နှင်ဒဏ်ပေးခံရ
2025.01.25

အင်ဖာ- မဏိပူနယ်စပ်ကနေ အိန္ဒိယနိုင်ငံထဲဝင်လာတဲ့ မြန်မာနိုင်ငံသား၂၆ ဦးကို မဏိပူအစိုးရက မြန်မာနိုင်ငံကို တနင်္ဂနွေနေ့က ပြန်လည်ပို့ဆောင်လိုက်တယ်လို့ အိန္ဒိယသတင်းတွေမှာ ဖော်ပြပါတယ်။
မဏိပူအစိုးရအနေနဲ့ စစ်ဘေးဒုက္ခသည်တွေကို လူသားချင်းစာနာမှုအကူအညီတွေပေးဖို့၊ စောင့်ရှောက်ဖို့ကတိပြုထားပေမဲ့ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကို နေထိုင်ခွင့်မပြုဖို့ အခိုင်အမာရပ်တည်ထားပြီးဖြစ်တယ်လို့ မဏိပူပြည်နယ်ဝန်ကြီးချုပ် N. Biren Singh က ပြောပါတယ်။
၂၀၂၄ ခုနှစ် ဇွန်လ ၁၁ ရက်နေ့ကလည်း မဏိပူပြည်နယ်ကိုရောက်နေတဲ့ ရွှေ့ပြောင်းမြန်မာနိုင်ငံသား ၃၈ ဦး ကို ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် မတ်လ ၈ ရက်နေ့ကနေ ဇွန်လ ၁၁ ရက်နေ့အထိ သုံးလအတွင်း အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အပါအဝင် တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား စုစုပေါင်း ၁၁၅ ဦး ပြည်နှင်ဒဏ်ပေးခံခဲ့ရတာပါ။
သူတို့ကို အိန္ဒိယအစိုးရက မြန်မာအာဏာပိုင်တွေထံ လွှဲပြောင်းပေးခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ပဋိပက္ခတွေစတင်ကတည်းက တရားမဝင် ရွှေ့ပြောင်းနေထိုင်သူအများအပြားဟာ အင်ဒိုနီးရှား-မြန်မာ နယ်စပ်ကို ဖြတ်ကျော်လာခဲ့ကြတယ်လို့ အစီရင်ခံစာတွေက ဖော်ပြပါတယ်။