အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ရဲ့ ကြေညာချက်

2014-01-17
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မန္တလေးမြို့ရှိ မဟာအတုလဝေယန် (အတုမရှိ) ကျောင်းတော် ကြီးမှာ ဇန်နဝါရီလ ၁၅ ရက်နေ့ကျင်းပခဲ့တဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည် - မန္တလေး) ဖွဲ့စည်းခြင်းနဲ့ သြဝါဒခံယူပွဲကို တွေ့ရစဉ်
မန္တလေးမြို့ရှိ မဟာအတုလဝေယန် (အတုမရှိ) ကျောင်းတော် ကြီးမှာ ဇန်နဝါရီလ ၁၅ ရက်နေ့ကျင်းပခဲ့တဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည် - မန္တလေး) ဖွဲ့စည်းခြင်းနဲ့ သြဝါဒခံယူပွဲကို တွေ့ရစဉ်
Photo: RFA

သီတဂူဆရာတော် မိန့်ကြားခဲ့တဲ့အချက်တွေနဲ့ ပတ်သက်ပြီး မန္တလေးမြို့မှာ ဖွဲ့စည်းလိုက်တဲ့ သာသနာ့ဝံသပါလ (ခေါ်) အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ရဲ့ ပထမဆုံးကြေညာချက်ကို ဇန်နဝါရီလ ၁၇ ရက်နေ့ မနေ့က ထုတ်ပြန်လိုက်ပါတယ်။

အဲဒီကြေညာချက်မှာ ပြီးခဲ့တဲ့ ၁၅ ရက်နေ့က သံဃာ့ညီလာခံကြီးမှာ မန္တလေးမြို့ ထိန်လင်းပရိယတ္တိ စာသင်တိုက်ရဲ့ ပဓာနနာယက ဆရာတော် အရှင်ဣန္ဒပါလကအဖွဲ့ရဲ့ မူဝါဒသဘောထားတွေ မဖတ်ကြားခင် သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်း စုကြည်တို့နဲ့ ပတ်သက်ပြီး သီတဂူဆရာတော် အရှင်ဉာဏိဿရက မည်သို့မည်ပုံပြောဆိုခဲ့တယ်လို့ ထည့်သွင်းမိန့်ကြားခဲ့တာဟာ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ရဲ့ မူဝါဒလမ်းစဉ်နဲ့ ဆန့်ကျင်နေကြောင်း၊ သီတဂူဆရာတော် အရှင်ဉာဏိဿရအနေနဲ့ သမ္မတကြီး ဦးသိန်းစိန်၊ အမျုးိသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ ပတ်သက်ပြီး မည်သူ့ကိုထောက်ခံသည် မည်သူ့ကိုကန့်ကွက်သည်ဆိုပြီး မိန့်ကြားခဲ့ခြင်းလည်း မရှိကြောင်းနဲ့ ဆရာတော်ဟာ အမြင်ကျဉ်းမြောင်းခြင်းမရှိကြောင်း စသဖြင့် ဖေါ်ပြထားပါတယ်။

ဒါ့အပြင် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ရဲ့ မူဝါဒတွေကတော့ ပြည်ထောင်စုကြီး တစုတစည်းတည်း အမြဲတည်ရှိရေး၊ တိုင်းရင်းသား အကျိုးကျေးဇူးများ လုံးဝမဆုံးရှုံးစေရေးနဲ့ နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရေးတို့ဖြစ်တယ်လို့ ကြေညာချက်မှာ ပါဝင်ပါတယ်။

အခုလိုကြေညာချက်ထုတ်ပြန်ခဲ့တာနဲ့ ပတ်သက်ပြီး အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ရဲ့ ဦးဆောင်ဆရာတော်တစ်ပါးဖြစ်တဲ့ မစိုးရိမ်တိုက်က အရှင် ဣန္ဒာစက္ကာဘိဝံသကို ဦးခင်မောင်စိုးက ဆက်သွယ်လျောက်ထားခဲ့ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့