မိကျောင်းကန် ပဋိပက္ခ ဒုတိယအကြိမ် သပိတ်စခန်းဖွင့်


2014.03.24
Mi-Chaung-Kan-305 မိကျောင်းကန် အပိုင်း ၁ ၊ ၂၊ ၃ မြေပိုင်ဆိုင်မှု ပဋိပက္ခနဲ့ ပတ်သက်ပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မတီ တစ်ရပ် ဖွဲ့စည်းပေးဖို့ မိကျောင်းကန်ရပ်ကွက်မှာ နေထိုင် ခဲ့သူတွေက ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ မတ်လ ၂၄ ရက်နေ့က သပိတ်စခန်းဖွင့် ဆန္ဒပြ တောင်းဆိုစဉ်
Photo : RFA/ Thiha Tun

ရန်ကုန်တိုင်း ဒေသကြီး မိကျောင်းကန် အပိုင်း ၁ ၊ ၂၊ ၃ မြေပိုင်ဆိုင်မှု ပဋိပက္ခနဲ့ ပတ်သက်ပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မတီ တစ်ရပ် ဖွဲ့စည်းပေးဖို့ မိကျောင်းကန် ရပ်ကွက်မှာ နေထိုင်ခဲ့သူတွေက ဒီနေ့ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ဒုတိယအကြိမ် သပိတ်စခန်း ဖွင့်ပြီး တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက မိကျောင်းကန်ရပ်ကွက်မှာ သပိတ်စခန်းဖွင့် တောင်းဆိုခဲ့ရာမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းနဲ့ ဦးခိုင်မောင်ရည်တို့က ၃ လအတွင်း ဖြေရှင်းပေးမယ်လို့ ကတိပေးခဲ့တဲ့အတွက် အဲဒီ သပိတ်စခန်းကို ဖျက်သိမ်းပေးခဲ့တာလို့ ဆိုပါတယ်။

ဒီနေ့စတင်ပြီး တတိယအကြိမ်မြောက် သပိတ်စခန်းဖွင့်တောင်းဆိုရာမှာ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဦးစိန်သန်းက လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်ဖွဲ့စည်းပေးဖို့နဲ့  မိကျောင်းကန်သား ၂၅ ဦးကို  ပိုင်နက်ကျူးလွန်မှုပုဒ်မ ၄၄၇၊ ဝတ္တရားနှောက်ယှက်မှု ပုဒ်မ ၁၈၆ တို့နဲ့ တပ်စည်ပင်ကနေ တရားစွဲ ဆိုခံထားတဲ့ အတွက် အဲဒီအမှုတွေကို  ရုတ်သိမ်းပေးဖို့ တောင်းဆိုကြောင်း ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်ရပ်ကွက် အမှတ် ၁၊ ၂၊ ၃ တို့ကို လွန်ခဲ့တဲ့ ၁၉၉၁ ခုနှစ်လောက်က နယ်လှည့် တပ်မ ၂၂ က သိမ်းယူခဲ့ပြီး အဲဒီရပ်ကွက်က ဒေသခံတွေကို ပဲခူးရိုးမအနီးကို အဓမ္မပြောင်းရွှေ့ခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။