မန္တလေးမြို့မှာ ဒီဇင်ဘာ ၁၁ ရက်က စစ်သားတချို့ ပစ်ခတ်ခံရတာကို ထွက်ကြည့်ခဲ့ပြီးနောက် အဖမ်းခံရထား ရသူ ရှစ်ယောက် ဒီဇင်ဘာ ၁၄ ရက် ဒီနေ့အထိ အဆက်အသွယ်မရသေးဘူးလို့ မိသားစုဝင်တွေက ပြောပါ တယ်။
ဒီဇင်ဘာ ၁၁ ရက် ညနေ ၄ နာရီခွဲလောက်က ၆၂ လမ်းနဲ့ ၆၃ လမ်းကြား ၃၈ လမ်းမှာ စစ်သားတချို့ လူတစ်စု ရဲ့ ပစ်ခတ်တာခံခဲ့ရပြီးနောက် အနီးနားက မိသားစုဝင် ခြောက်ယောက်နဲ့ ဘုန်းကြီးကျောင်းသား နှစ်ယောက် အဖမ်းခံလိုက်ရတာလို့ အဖမ်းခံထားရတဲ့ မိသားစုဝင် တစ်ယောက်က ဆိုပါတယ်။
"ညီမတို့ အဖေက ထွက်ကြည့်ပြီး ပြန်ပြေးဝင်တယ် ပြောတယ်။ အဲဒါကို စစ်သားတွေက လိုက်လာပြီးတော့ ညီမတို့ အဖေရယ်၊ အဖေ့ညီ လင်မယားရယ်၊ သူတို့ သားလေးရယ်၊ ညီမ ခဲအိုနဲ့ သူ့ညီရယ် မိသားစု အားလုံး ပေါင်း ခြောက်ယောက်ကို ခေါ်သွားတယ်။ အခုအချိန်အထိ အဲဒါ ဘာသတင်းမှ မရသေးဘူး"
ဦးကျော်ကျော်၊ ဦးဖိုးကျော်၊ သူ့ဇနီးနဲ့ သားဖြစ်သူ ရဲလူမွန် စတဲ့ မိသားစုဝင် စုစုပေါင်း ခြောက်ယောက်ဟာ ဒီဇင်ဘာ ၁၁ ရက်နေ့မှာပဲ အဖမ်းခံလိုက်ရပြီး အနီးနားက ဘုန်းကြီးကျောင်းသား နှစ်ယောက်လည်း အဖမ်း ခံရတယ်လို့ ပြောပါတယ်။
လက်ရှိစုံစမ်းရသလောက် ဦးကျော်ကျော်နဲ့ တစ်ယောက်ကို မန္တလေးမြို့ နန်းတွင်းက စစ်တပ်ထဲမှာ ဖမ်းဆီး ထားပြီး ကျန်တဲ့သူတွေကို မန္တလေး အမှတ် ၉ ရဲစခန်းမှာ ဖမ်းဆီးထားဆဲပဲလို့ ပြောပါတယ်။
သူတို့ကို ဘာကြောင့်ဖမ်းတယ် ဘယ်မှာဖမ်းထားတယ်ဆိုတာကို စစ်တပ်ဘက်က မိသားစုကို အသိမပေး ဘူးလို့ ဆိုပါတယ်။
ဦးကျော်ကျော်တို့ မိသားစုဟာ အဖမ်းမခံရခင် နိုဝင်ဘာ ၁၈ ရက်နေ့မှာ ပဲခူးကနေ မန္တလေးကို ထွက်လာပြီး လမ်းတစ်လျှောက်မှာလည်း ဈေးရောင်းချခဲ့သလို မန္တလေးရောက်ပြီး ၄ ရက် မြောက်နေ့ဖြစ်တဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။