စစ်ကောင်စီ လက်နက်ထုတ်လုပ်ရေး နိုင်ငံတကာကုမ္ပဏီပေါင်း ၄၅ ခုကျော် ထောက်ပံ့နေ

အမေရိကန်နဲ့ ဥရောပ အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၁၃ နိုင်ငံက ကုမ္ပဏီပေါင်း ၄၅ ခုကျော်ဟာ မြန်မာစစ်ကောင်စီရဲ့ စစ်လက်နက်ပစ္စည်း ထုတ်လုပ်နိုင်ဖို့ ပံ့ပိုးကူညီနေကြတယ်လို့ ကုလသမဂ္ဂအရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာအကြံပေးကောင်စီ(SAC-M)က ဇန်နဝါရီလ ၁၆ ရက်နေ့က ထုတ်ပြန်ပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်၊ ဂျာမနီ၊ ဩစတြေးလျ၊ ရုရှား၊ တရုတ်၊ အစ္စရေး၊ ယူကရိန်း၊ အိန္ဒိယ၊ တောင်ကိုးရီးယား၊ ဂျပန်၊ ထိုင်ဝမ်၊ စင်ကာပူစတဲ့ နိုင်ငံတွေမှာ အခြေစိုက်တဲ့ ကုမ္ပဏီတွေကနေ မြန်မာစစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံ (ကပစ) ကို အထောက်အကူပြုပစ္စည်းတွေ ရောင်းပေးနေတာလို့ ဆိုပါတယ်။

326000972_747974012987523_656525086107404333_n.jpg
Members of the Myanmar military march at a parade ground to mark the country's Independence Day in Naypyidaw on January 4, 2023. - Myanmar's junta announced an amnesty for 7,000 prisoners to mark Independence Day on January 4 following a show of force in the capital, days after increasing democracy figurehead Aung San Suu Kyi's jail term to 33 years. (Photo by AFP) (STR/AFP)

တရုတ်အစိုးရပိုင် NORINCO ကုမ္ပဏီဟာ ကပစကို ကုန်ကြမ်းထောက်ပံ့တဲ့ အဓိကနေရာကနေ ပါနေတယ်လို့ အစီရင်ခံစာမှာ အထူးဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ စစ်လက်နက်တွေသုံးပြီး အရပ်သားပြည်သူတွေကို သတ်ဖြတ်၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတာကြောင့်၊ ဒီကမ္ဘာ့ကုမ္ပဏီကြီးတွေအနေနဲ့ စစ်ကောင်စီနဲ့ စီးပွားရေးလုပ်နေတာတွေကို ချက်ချင်းရပ်တန့်ဖို့လည်း တောင်းဆိုထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်နေပေမယ့် မြန်မာစစ်တပ်ဟာ အဲဒီလို ဒဏ်ခတ်ပိတ်ဆို့မှုတွေ၊ လက်နက်ရောင်းဝယ်ရေး ပိတ်ဆို့မှုတွေကို တောင့်ခံနိုင်ဖို့ ပြည်တွင်းမှာတင် ကိုယ်ပိုင် လက်နက်ထုတ်နိုင်တဲ့ စက်ရုံတွေကို ငွေကြေးအမြောက်အမြားသုံးပြီး နှစ်ပေါင်းများစွာကတည်းက တည်ဆောက်ထားတယ်လို့ ကုလအရာရှိဟောင်းတွေက ထောက်ပြပါတယ်။

326074302_5854019171351324_9046124180366906390_n.jpg
Myanmar military vehicles and hardware are displayed at a parade ground to mark the country's Independence Day in Naypyidaw on January 4, 2023. - Myanmar's junta announced an amnesty for 7,000 prisoners to mark Independence Day on January 4 following a show of force in the capital, days after increasing democracy figurehead Aung San Suu Kyi's jail term to 33 years. (Photo by AFP) (STR/AFP)

ကုလသမဂ္ဂနဲ့ အဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ မြန်မာစစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ (ကပစ)နဲ့ တာဝန်ရှိသူတွေ၊ လက်နက်ပွဲစားတွေကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ဖို့လိုတယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာ အကြံပေးကောင်စီက တောင်းဆိုပါတယ်။

အစီရင်ခံစာထဲမှာပါတဲ့ ကုမ္ပဏီတွေဟာ လက်နက်ထုတ်လုပ်ရေးအတွက် ကုန်ကြမ်းတင်မက၊ နည်းပညာနဲ့ သင်တန်းတွေ ပို့ချပေးနေတယ်လို့ ဆိုပါတယ်။