AAPP မတရားအသင်းအဖြစ် ကြေညာခံရ

2021-04-26
Share
AAPP မတရားအသင်းအဖြစ် ကြေညာခံရ AAPP က ပြုစုထားသော ဧပြီလ ၂၆ ရက်နေ့အထိ စစ်ကောင်စီက သတ်ဖြတ်မှုကြောင့် သေဆုံးရသူစာရင်းနဲ့ ဖမ်းဆီးခံရသူများစာရင်း။
Photo: RFA

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ဟာ တရားမဝင်တဲ့အသင်းဖြစ်တယ်လို့ စစ်တပ်ပိုင် မြဝတီသတင်းမှာ မနေ့က ကြေညာခဲ့ပါတယ်။ AAPP က နေ့စဉ်ဖော်ပြနေတဲ့ ဆန္ဒပြသူတွေ ထိခိုက်သေဆုံးမှု စာရင်းတွေဟာ မမှန်ကန်ဘဲ တဖက်သတ်ဖော်ပြနေတာကြောင့် ဆူပူမှုတွေကို လှုံ့ဆော်ရာ ရောက်တယ်။ အဲဒါကြောင့် AAPP အသင်းကို ထိရောက်စွာ အရေးယူသွားမယ်လို့လည်း မြဝတီသတင်းက ကြေညာပါတယ်။ ဒီကြေညာချက်ကို AAPP ဘက်က တုံ့ပြန်တာတော့ လောလောဆယ် မရှိသေးပါဘူး။

AAPP အသင်းဟာ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ စုပေါင်းပြီး ထိုင်း-မြန်မာနယ်စပ်မှာ ၂၀၀၀ခုနှစ်က တည်ထောင်ခဲ့တဲ့ အဖွဲ့ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးနဲ့ လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ကူညီရေး လုပ်ဆောင်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။

ဒီအဖွဲ့က မှတ်တမ်းပြု ကောက်ယူနေတဲ့ သတင်းအချက်အလက်တွေကို နိုင်ငံတကာ သတင်းလောကနဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ကိုးကားဖော်ပြနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့