သူရဲကောင်းခန်းမက ဒေါ်အောင်ဆန်းစုကြည် ပန်းချီကား ဖယ်ရှားခံရ

2019-12-16
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
နိုင်ငံတော်တိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်
နိုင်ငံတော်တိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်
Photo: Myanmar State Counsellor Office

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် မဲလ်ဖို့ဒ်မြို့၊ မြူ ရ် (Muir) အလယ်တန်းကျောင်းရဲ့ သူရဲကောင်းခန်းမ Hall of Heroes မှာ ချိတ်ဆွဲထားတဲ့ နိုင်ငံတော်တိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပန်းချီကားချပ်ကို ဖယ်ရှားလိုက်တယ် လို့ လော့စ်အိန်ဂျယ်လစ်တိုင်းမ်စ် သတင်းစာမှာ ဖော်ပြထားပါတယ်။

သူရဲကောင်းခန်းမမှာ ကမ္ဘာတဝှမ်းက ထင်ရှားတဲ့ အိုင်စတိုင်း၊ ဒေါက်တာ မာတင်လူသာကင်း၊ အမေရိကန်သမ္မတ ရုစဗက်ရဲ့ကတော် အဲလိန်နော ရုစဗက် တို့ပါဝင်ပြီးတော့၊ နယ်ပယ်စုံက ထင်ရှားကျော်ကြားသူ အားလုံးပေါင်း ၁၅ ဦးရဲ့ ပန်းချီတွေကို ချိတ်ဆွဲပြသထားတာပါ။

မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်အဖြစ် အဲဒီခန်းမမှာ ပြသထားတာ ဖြစ်ပါတယ်။

နယ်သာလန်နိုင်ငံ သည်ဟိဂ် The Hague မြို့က နိုင်ငံတကာတရားရုံး ICJ မှာ တရားစွဲဆိုထားတာကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်လျှောက်လဲချက်ပေးနေတဲ့ အပတ်အတွင်းမှာပဲ အခုလိုဖယ်ရှားလိုက်တာလို့ ကျောင်းအုပ်ကြီးက ဖြေကြားထားပါတယ်။

ကျောင်းအုပ်ကြီးက သူရဲကောင်းခန်းမမှာ ချိတ်ဆွဲထားတဲ့ ပန်းကြီးကားချပ်ကြီးထဲက ပုဂ္ဂိုလ်တွေကို ကျောင်းသားတွေ လေးစားအားကျတဲ့ စံပြပုဂ္ဂိုလ်တွေအဖြစ် ရည်ရွယ်ပြသထားတာ ဖြစ်တယ်လို့ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီဇင်ဘာ ၁၁-၁၂ ရက်တွေမှာ ICJ တရားသူကြီးတွေကို မြန်မာဟာ လူမျိုးတုံးသတ်ဖြတ်မှု မကျူးလွန်ဘူး၊ ဒါကြောင့် ဂမ်ဘီယာနိုင်ငံက တောင်းဆိုတဲ့ provisional measures ကြားဖြတ်အစီမံတစ်ခုကို မချမှတ်ဖို့တင်ပြခဲ့သလို၊ ICJ အမှုကနေ ပယ်ဖျက်ပေးဖို့လည်း တောင်းဆိုခဲ့ပါသေးတယ်။

၂၀၁၇ တုန်းက တပ်မတော်ရဲ့ ရှင်းလင်းရေး စစ်ဆင်ရေးကြောင့် ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာ ခုနှစ်သိန်းကျော်ဟာ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ကြရပါတယ်။ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင် FFM က အဲဒီစစ်ဆင်ရေးကို လူမျိုးတုံးသတ်ဖြတ်မှုလို့ သတ်မှတ်ထားပါတယ်။

ICJ မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့လျှောက်လဲချက်တွေကို သုံးသပ်ပြီးနောက် ဗြိတိန်နိုင်ငံက အီဒင်ဘာ့ဂ် တော်ဝင်ခွဲစိတ်သမားတော်များကောလိပ်က ချီးမြှင့်ထားတဲ့ RCSEd ဂုဏ်ထူးဆောင်ဆုကိုလည်း ပြန်လည်ရုတ်သိမ်းဖွယ် ရှိတယ်လို့လည်း The Sunday Post က ဒီကနေ့ ရေးသားဖော်ပြထားပါတယ်။  

အဲဒီဆုကို ၂၀၁၅ ခုနှစ်က ပေးအပ်ခဲ့တာဖြစ်ပြီး၊ ကမ္ဘာ့ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်အရေးမှာ ရွပ်ရွပ်ချွံချွံ စွမ်းဆောင်ခဲ့တာကို အသိအမှတ်ပြု ချီးမြှင့်တာဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း အီဒင်ဘာ့ဂ်၊ ဂလပ်စဂိုနဲ့ ဒန်ဒီမြို့တွေက ဒေါ်အောင်ဆန်းစုကြည်  ချီးမြှင့်ခဲ့တဲ့ဆုတွေ ပြန်လည်ရုပ်သိမ်းခဲ့ကြပါတယ်။

ဒီအတွင်း ERC ခေါ် ဥရောပ ရိုဟင်ဂျာကောင်စီကလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းကလူနည်းစု ရိုဟင်ဂျာတွေအပေါ်  စစ်တပ်က ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို ကာကွယ်ခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ရှုတ်ချကြောင်း  ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ကွန်မင့်များ (2)
Share

အမည်မဖော်လိုသူ

ဦးနေဝင်းစတင်ခဲ့တဲ့နိုင်ငံခြားသားမုန်းတီးဆန့်ကျင်ရေးဝါဒကို တိုင်းပြည်ခေါင်းဆောင်တွေရော မြန်မာနိုင်ငံသားတွေကပါ ဆက်လက်ကျင့်သုံးနေမယ်ဆိုရင် မြန်မာပြည်ဟာကမ္ဘာပေါ်မှာ ရှေ့ဆက်ရပ်တည်နိုင်ဖို့ခက်ခဲလာပါလိမ့်မယ်။

Dec 16, 2019 11:13 AM

အမည်မဖော်လိုသူ

English Version

2008 Myanmar Constitution
Vs.
2014 Myanmar Census Report

After independent Myanmar census stories
In 1953 there was an attempt to take the first post-independence census by stages, stretching over the period 1953-55. The census of 1953 was successfully conducted in urban areas of that time. The census of 1954 covered only 15 percent of the rural population. (Ref. DoP Myanmar)

First Nation Wide Myanmar Census – 1973
Second Myanmar Census – 1983
After 25 years, Myanmar Census – 2008 (Myanmar Constitution)
And Myanmar Census Report– 2014

The Myanmar Population of year by Census and 2008 Myanmar Constitution

1973 = 28.92 million
1983 =35.3 million
2008 =57.5 million (By 2008 Myanmar Constitution)
2014 =51.92 million (By 2014 Myanmar Census Report)

How many populations different (between) during 2008 to 2014
= 57.5 Million (2008 Constitution) – 51.92 Million (2014 Census)
= 5.58 Million

(Where those people are gone? All of those people are died or other reasons? What happening in Myanmar during these years?) World populations are increasing years by years but Myanmar populations are lower than before during 2008 - 2014. What happening in Myanmar???

Burmese Version

ကိန်းဂဏန်းများကပြောပြသော အနာဂတ်မြန်မာနိုင်ငံ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ
Vs
၂၀၁၄ မြန်မာနိုင်ငံ လူဦးရေသန်ခေါင်စာရင်း

လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံ သန်ခေါင်စာရင်း နှင့် ခုနှစ်များ

လွတ်လပ်ရေးရပြီးအချိန်တွင် ပထမဦးဆုံး လူဦးရေသန်ခေါင်စာရင်း ကောက်ခံခဲ့သည်မှာ ၁၉၅၃ မှ ၅၅ အတွင်းပင်ဖြစ်သည်။

ပထမဆုံးပြည်လုံးကျွတ်သန်းခေါင်စာရင်း - ၁၉၇၃
ဒုတိယ ပြည်လုံးကျွတ်သန်းခေါင်စာရင်း - ၁၉၈၃
၂၅ နှစ်အကြာမြန်မာနိုင်ငံလူဦးရေ - ၂၀၀၈ ( နိုင်ငံတော်ဖွဲ့စည်းပုံ မှ ဖေါ်ပြချက်)
ပြည်လုံးကျွတ်သန်ခေါင်စာရင်းအစီရင်ခံစာ - ၂၀၁၄

မြန်မာနိုင်ငံလူဦးရေအခြေအနေ

၁၉၇၃ = သန်းပေါင်း ၂၉.၉၂ သန်း
၁၉၈၃ = သန်းပေါင်း ၃၅.၃ သန်း
၂၀၀၈ = သန်းပေါင်း ၅၇.၅ သန်း ( ၂၀၀၈ နိုင်ငံတော် ဖွဲ့စည်းပုံ အရ)
၂၀၁၄ = သန်းပေါင်း ၅၁.၉၁ သန်း
၂၀၀၈ ခုနှစ် မှ ၂၀၁၄ ကြားကာလအတွင်း မြန်မာနိုင်င့ လူဦးရေ ကွာဟချက်
= ၂၀၀၈ လူဦးရေးစာရင်း - ၂၀၁၄ လူဦးရေစာရင်း
= ၅၇.၅ သန်း - ၅၁.၉၁ သန်း = လူဦးရေ သန်းပေါင်း ၅.၅၈ သန်း ကွာခြားချက်ရှိပါသည်။
ထို လူဦးရေ ၅.၅၈ သန်းမှာ မည်သည့်နေရာတွင်ရောက်ရှိကြသနည်း။ ထိုမျှသော လူဦးရေမှာ သေကြေပျက်စီးကြခြင်းလော သို့တည်းမဟုတ် အခြားသော သိစ္စများရှိခြင်းလော။ ၂၀၀၈ ခုနှစ် နှင့် ၂၀၁၄ အတွင်း မြန်မာနိုင်ငံတွင် မည်သည့်အရာများဖြစ်ပွားခဲ့သနည်း။ ကမ္ဘာလူဦးရေမှာ တစ်နှစ်ပြီးတစ်နှစ် တိုးပွါးလာပါသည် သို့သော်မြန်မာနိုင်ငံတွင်မှု တိုးမသွားဘဲ ၂၀၀၈ ခုနှစ် နှင့် ၂၀၁၄ အကြားတွင် လူဦးရေ ၅ သန်းကျော် လျှော့်နည်းနေသည်။ အဘယ်ံကြောင့်နည်း?

Ref.

1. 2008 Myanmar Constitution.
2. 1973 Nation Wide Census Report
3. 1983 Nation Wide Census Report
4. 2014 Myanmar Census Report
5. DoP Myanmar ( Department of Population, Myanmar)
6.

Salai Mp
15.12.2019
#SalaiTlthang

Dec 16, 2019 02:33 AM

ဆိုကျတခုလုံးသို့