မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် လူသားချင်းစာနာမှု အကူအညီငွေ အမေရိကန်ဒေါ်လာ ၁၃၅ သန်းပေးမယ်လို့ ဩစတြေးလျအစိုးရက ဒီနေ့ ထုတ်ပြန်ပါတယ်။
ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေနဲ့ မြန်မာပြည်တွင်းက ဒုက္ခသည်တွေရဲ့ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးတွေအတွက် အသုံးပြုမယ်လို့ ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။
မြန်မာနိုင်ငံတွင်းမှာ အကူအညီလိုတဲ့သူဦးရေဟာ အရင်က တစ်သန်းပဲရှိပေမယ့် အခုအာဏာသိမ်းပြီးနောက် ၁၄ သန်းခွဲလောက်အထိ တိုးလာတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါပါတယ်။
မြန်မာပြည်အတွက် အကူအညီငွေတွေကို အာဏာသိမ်းစစ်တပ်ဆီကနေ ပေးမှာမဟုတ်ဘဲ ကုလသမဂ္ဂ၊ နိုင်ငံတကာ ကြက်ခြေနီအသင်းနဲ့ အရပ်ဘက်အဖွဲ့တွေဆီကနေ ပေးမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ကိုးသိန်းကျော်ဟာလည်း လူသားချင်းစာနာမှု အကူအညီတွေ လိုနေသလို၊ လက်ခံထားတဲ့ အိမ်ရှင်နိုင်ငံကိုလည်း ကျေးဇူးတင်စကားဆိုထားပါတယ်။