လူမင်း၊ ပြေတီဦး အပါအဝင် အနုပညာရှင် ၆ ဦးကို ဖမ်းဝရမ်းထုတ်

စောဖိုးခွား
2021.02.17
လူမင်း၊ ပြေတီဦး အပါအဝင် အနုပညာရှင် ၆ ဦးကို ဖမ်းဝရမ်းထုတ် လူမင်း၊ ပြေတီဦး၊ ဝိုင်း၊ ကိုပေါက်၊ ဏကြီး၊ အနဂ္ဂ
Photo: RFA

စစ်တပ်အာဏာသိမ်းတဲ့ လုပ်ရပ်ကို ဆန့်ကျင်ကြောင်း ပြည်သူတွေနဲ့အတူ ကန့်ကွက်ဆန္ဒပြနေတဲ့ အနုပညာရှင် ၆ ဦးကို အာဏာသိမ်းစစ်ကောင်စီက ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။

သရုပ်ဆောင် လူမင်း၊ ပြေတီဦး၊ ဒါရိုက်တာ ဝိုင်း၊ ဏကြီး၊ ကိုပေါက်နဲ့ အဆိုတော်အနဂ္ဂ တို့ ၆ ဦးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က နဲ့ တရားစွဲပြီး ဖမ်းဝရမ်းထုတ်ထားတယ်လို့ စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ဒီကနေ့မှာ ကြေညာပါတယ်။

သူတို့တွေဟာ ထင်ပေါ်ကျော်ကြားမှုကိုသုံးပြီး နိုင်ငံဝန်ထမ်းတွေ ဆူပူဆန္ဒပြလာအောင် လှုံဆော်ပေးနေသူတွေလို့လည်း စွပ်စွဲလိုက်တာပါ။

သရုပ်ဆောင် ပြေတီဦးက " လက်နက်နဲ့ အနိုင်ကျင့်တာကို လုံးဝလက်မခံနိုင်ဘူး၊ ဒီလိုစနစ်မျိုး ဒီလိုအခြေအနေမျိုးကို လုံးဝလက်မခံနိုင်လို့ ဆန္ဒပြရတာ၊ ကိုယ့်နိုင်ငံအတွက် အရမ်းထိခိုက်ဝမ်းနည်းရတယ်" လို့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က တရုတ်သံရုံးရှေ့မှာ ဆန္ဒပြနေစဉ် RFA ကိုပြောပါတယ်။

ရုပ်ရှင်အနုပညာရှင်တချို့ဟာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းနဲ့ ပေါင်းပြီး အာဏာဖီဆန်ရေး CDM လူထု လှုပ်ရှားမှုပါဝင်တဲ့ အစိုးရဝန်ထမ်းတွေအတွက် စားဝတ်နေရေးအဆင်ပြေနိုင်ဖို့ ငွေကြေးထောက်ပံ့တာတွေလည်း လုပ်နေသလို၊ ဆန္ဒပြပွဲတွေမှာလည်း စစ်အာဏာသိမ်းလုပ်ရပ်ကို ဆန့်ကျင် ကန့်ကွက်ကြဖို့ ဦးဆောင်ဟောပြောနေကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။