စစ်အာဏာဆန့်ကျင်တဲ့ အနုပညာရှင်တွေကို ၅၀၅ (က) နဲ့ အမှုဖွင့်

2021.04.02
စစ်အာဏာဆန့်ကျင်တဲ့ အနုပညာရှင်တွေကို ၅၀၅ (က) နဲ့ အမှုဖွင့် ၂၀၂၁ ဖေဖော်ဝါရီလ ၈ ရက်နေ့က ရန်ကုန်မြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် တွေ့ရသည့် သရုပ်ဆောင် ခင်ဝင့်ဝါ
Photo: RFA

စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်နေကြတဲ့ အနုပညာရှင်တချို့ အပါအဝင် ၂ဝ ဦး ကို ပုဒ်မ ၅ဝ၅ (က) နဲ့ အရေးယူသွားမယ်လို့ စစ်ကောင်စီပိုင် မြဝတီသတင်းက ကြေညာပါတယ်။

သရုပ်ဆောင် မင်းမော်ကွန်း၊ အိန္ဒြာကျော်ဇင်၊ ပိုင်ဖြိုးသု၊ ခင်ဝင့်ဝါ၊ မေတိုးခိုင်၊ ရဲတိုက်၊ သန္တာလှိုင်၊ ကျော်ကျော်နန္ဒ၊ အဆိုတော် R ဇာနည်၊ ပိုပို၊ ချမ်းချမ်း၊ ချမ်းမြေ့မောင်ချို၊ မိတ်ကပ်ပညာရှင် မထက်နဲ့ မေဦး၊ Myanmar Post Weekly Newspaper က အယ်ဒီတာချုပ် ကိုဇင်သော်နိုင်နဲ့ လူမှုကွန်ရက်မှာ လူသိများသူတွေ အပါအဝင်၂ဝ ဦးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က နဲ့ အရေးယူသွားမယ်လို့ ဧပြီလ ၂ ရက်နေ့ ည ၈ နာရီ သတင်းမှာ ကြေညာသွားတာပါ။

အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ဝန်ထမ်းတွေ ပါဝင်လာအောင် လှုံ့ဆော်တာ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ကို ထောက်ခံကြောင်း လူမှုကွန်ရက်မှာ ဖော်ပြတာ အပါအဝင် နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေပြီး ဆူပူအုံကြွမှုဖြစ်အောင် လူမှုကွန်ရက် စာမျက်နှာတွေကနေ သွေးထိုး လှုံ့ဆော်နေတာတွေကြောင့် အမှုဖွင့် အရေးယူရတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီအယောက် ၂ဝ အပြင် အလားတူ လှုပ်ရှားမှုတွေ လုပ်ဆောင်နေတဲ့ ကျန်ရှိနေသူတွေကိုလည်း ထပ်မံကြေညာသွားမှာ ဖြစ်ကြောင်း စစ်ကောင်စီပိုင် မြဝတီသတင်းမှာ ဖော်ပြသွားပါတယ်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ပုဒ်မ ၅၀၅-ကနဲ့ ဖမ်းဝရမ်းအထုတ်ခံခဲ့ရတဲ့ အနုပညာရှင် ၆ ဦးထဲက သရုပ်ဆောင် လူမင်းကိုတော့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ညမှာ စစ်ကောင်စီက အကြမ်းဖက်ဖမ်းဆီးသွားခဲ့ပြီး အင်းစိန်ထောင်မှာ ထိန်းသိမ်းထားပါတယ်။

တပ်မတော်ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဟာ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားရင် ထောင်ဒဏ် ၃ နှစ်အထိ ကျခံရနိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Simen . ကရင်ပြည်နယ်သား
2021-04-03 04:20

ပြည်သူကိုအမှု့ဖွင့်ဖမ်းဝရမ်းထုပ်တဲ့ ၊စစ်အာဏာရူးခွေးဝဲးစားတွေကို။ ပြည်သူ‌တို့ကစစ်အာဏာရူးတွေကိုဖမ်းဝရမ်းပြန်ထုပ်ပါတယ်။ပြည်သူကိုသတ်ပြည်သူတွေကိုဒုက္ခပေး၊ပြည်သူလစာစားပြီးတော့ခွေးကျင့်ခွေးကြံ၊တိုင်းရင်းသားတွေကိုဗိုလ်ကြတာနှစ့်၇ဝဆယ်ကျော်လာခဲ့ပြီး။ ဒီးအပြစ်တွေကို တရားပြန်ပေးစွဲးကြပါ။ ပြည်သူကိုစာရင်ဖွင့်သံ