မြန်မာ ရွေးကောက်ပွဲစောင့်ကြည့်ဖို့ ကမ္ဘောဒီးယား ကိုယ်စားလှယ် စေလွှတ်မည်

RFA Burmese
2024.11.25
မြန်မာ ရွေးကောက်ပွဲစောင့်ကြည့်ဖို့ ကမ္ဘောဒီးယား ကိုယ်စားလှယ် စေလွှတ်မည် ကမ္ဘောဒီးယား ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဟွန်ဆန် (ယာ) နဲ့ ကြံ့ခိုင်ဖွံ့ဖြိုး ရေးပါတီ (USDP) ဥက္ကဋ္ဌ ဦးခင်ရီ အား တွေ့ရစဉ်။
The Khmer Times Photo

စစ်ကောင်စီက လာမဲ့ ၂၀၂၅ ခုနှစ်အတွင်း ကျင်းပဖို့ရှိတဲ့ ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ဖို့ အာဏာရ ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) က ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မယ်လို့ ကမ္ဘောဒီးယားအခြေစိုက် ခမာတိုင်းမ် (Khmer Times) က နိုဝင်ဘာ ၂၄ ရက်က ဖော်ပြပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ မြို့တော် ဖနွမ်းပင်မှာ CPP ဥက္ကဋ္ဌ ဟွန်ဆန်နဲ့ စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ ဦးခင်ရီတို့ နိုဝင်ဘာ ၂၂ ရက်နေ့က တွေ့ဆုံချိန်မှာ အခုလိုစေလွှတ်ဖို့ ဦးခင်ရီက ကမ်းလှမ်းခဲ့တာလို့ ဆိုပါတယ်။

CPP နဲ့ USDP ပါတီနှစ်ခုကြား အပြန်အလှန် ဆက်ဆံရေးမြှင့်တင်ဖို့ သဘောတူညီချက်ရရှိရေး ဦးခင်ရီရဲ့ ကမ်းလှမ်းချက်ကိုလည်း ဟွန်ဆန်က သဘောတူခဲ့တယ်လို့ ဆိုပါတယ်။

CPP ပါတီဟာ ကမ္ဘောဒီးယားနိုင်ငံကို ၁၉၇၉ ခုနှစ်က စပြီး အုပ်ချုပ်လာတဲ့ အာဏာရှင်ပါတီဖြစ်သလို အတိုက်အခံ ပါတီတွေကိုလည်း ဖိအားပေးတင်းကျပ်မှုတွေ လုပ်ထားပါတယ်။

ပြည်တွင်းမှာ လက်နက်ကိုင်တိုက်ပွဲတွေ ‌တောက်လျှောက်ဖြစ်ပွားနေတဲ့ကြားကပဲ စစ်ကောင်စီက လာမဲ့နှစ် နိုဝင်ဘာလမှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ပြင်ဆင်နေတာပါ။

အခုနှစ် မေလဆန်းပိုင်းကလည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပမဲ့ အစီအစဉ်ကို ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ ဆွေးနွေးခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။